Chapter 12

12.8K 1.4K 48
                                    

"Taehyung မင်းရဲ့ ပါရဂူဘွဲ့စာတမ်းအတွက်ကို
Professors Yangက မင်းကို ​မေး​နေတယ်
သူနဲ့သွား​တွေ့လိုက်​ဦး...."

ဘေးကMinghoaစကားကို
သူပြုံးပြီးဘဲ ​ခေါင်းအသာညိမ့်​ပြလိုက်​သည်​..။
Appaဆုံးတဲ့ကိစ္စနဲ့​ပတ်​သက်​ပြီး
ပိုင်​ဆိုင်​မှု​တွေ အ​မွေကိစ္စ​တွေရှင်းရမှာများလို့
သူ့ပါရဂူဘွဲ့အတွက်​ကို
တစ်​နှစ်​​နောက်​ဆုတ်​လိုက်​တာ
တော်​​တော်​မှန်​သွားသည်​...။

Boseongက​နေSeoulကို သူပြန်​​ရောက်​ချိန်​မှာ
Beijingကသူ့​ကျောင်းက​နေ
ကျောင်းပြန်​တတ်​ဖို့ ၁လသာလို​တော့​ကြောင်းကို
သတိ​ပေးစာပို့​နေပြီ...။
Seoulမှာရှိတဲ့ ၁လအတွင်းလဲ
hyungအ​ကြောင်း
စုံစမ်းမရတာမို့ စိတ်​ဒုန်းဒုန်းချကာ
Beijingကိုသာပြန်​လာလိုက်​သည်​...။

သူ့ရဲ့တက္ကသိုယ်​​ကျောင်းသားဘ၀အကုန်လုံး​က
Seoulမှာမဟုတ်​ဘဲ Beijngမှာဘဲဖြစ်​ခဲ့သည်​..။
သူတက္ကသိုလ်​တတ်​ဖို့ ​ကျောင်း​လျောက်​​တော့
Appaဆန္ဒအတိုင်း Koreaပြင်​ပရှိ နာမည်​ကြီး
တက္ကသိုလ်​များကိုသာ​ရွေး​လျောက်​ခဲ့ရသည်​...
ဥ​ရောပဘက်​က အခြားနာမည်​ကြီး
တက္ကသိုလ်​အချို့ကပါ လက်​ခံခဲ့​သော်​လည်း
တစ်​​ယောက်​ထဲ ဖြစ်​​နေတဲ့Appaကို
စိတ်​မချတာ​ကြောင့်​ သူ​နောက်​ဆုံး
Seoulနဲ့နှစ်​နာရီ​လောက်​သာ ​လေယဉ်​စီးရတဲ့
တရုတ်​က ထိတ်​တန်းတက္ကသိုလ်​တစ်​ခုဖြစ်​တဲ့
Beijeing Universityကိုသာ​ရွေးခဲ့သည်​...။

အရင်​က​တော့ Beijing University ကို
ရွေးခဲ့တာကို​ Appaက သိပ်​မ​ကျေနပ်​ခဲ့​...
သူက​တော့ အဆင်​အ​ပြေဆုံးလို့ထင်​ခဲ့သည်​...။
ဒါ​ပေမယ့်​ အခုချိန်​သူတကယ်​​နောင်​တရပါသည်
Koreaမှာသာ​ကျောင်းတတ်​ခဲ့ဖြစ်​ရင်
Hyungနဲ့ ပိုနီးနီးကပ်​ကပ်​ရှိနိုင်​သလို
Hyungအ​ကြောင်း​တွေလဲ
ပိုသိနိုင်မယ်​မဟုတ်​ပါလား....။

အခုသူBeijingပြန်​​ရောက်​တာ၎လရှိပြီ
Hyungကိုဆက်သွယ်လို့မရသေး..
သူလဲ​ကျောင်းကိစ္စကလွဲ ဘာကိုမှ
သေချာအာရုံမစိုက်​နိုင်​..
အခု​တော့ သူ့မှာhyungဆက်​သွယ်​မယ့်
အချိန်​ကိုသာ ​မျှော်​လင့်​နေရသည်​...။

Love is......❤ { COMPLETED }Tempat cerita menjadi hidup. Temukan sekarang