Chapter-5

13.4K 1.1K 12
                                    

ပန်းပင်လေးတွေကို ရေပိုက်နှင့် လောင်းနေသော Nuyen မျက်နှာလေးက ပြုံးနေသည်။ ဒူးဖုံး ဂါဝန်ပန်းရောင်လေး နှင့် ကျောထက်ဖြာကျနေသော အညိုရောင်ဆံနွယ်ခွေလေးတွေကလည်း ကဗျာဆန်လှသည်။
တစိမ့်စိမ့်ကြည့်နေသည့် Din ၏ မျက်လုံးတွေ တလက်လက်တောက်နေသည်.။ ဒီအိမ်တွင် Nuyen လည်း လှသည်.။ Krist ကလည်း ချောသည်.။အလှချင်းပြိုင်နေကြသည့် ပန်းတွေအလည် သူ ဖြစ်ချင်သည်က ပျားပိတုန်း..။  Krist က ယောက်ျားလေးမို့ ပန်းနှင့် မတင်စားလိုပေမယ့် တကယ်ပဲ ထိုကောင်လေး ကပန်းတစ်ပွင့်လိုလှနေတော့လည်း ခက်သား။

“Nuyen !”

“သြော် အန်ကယ် Din ”

“ကဲ ပိုက်ကို ဦး ကိုပေး ဦးလောင်းပေးမယ်”

“ရပါတယ် Nuyen လောင်းနေကျ ကိုယ့်ဘာသာပဲလောင်းပါ့မယ်.”

“ပေးပါ ကွာ..”

ပိုက်ကိုလှမ်းယူရင်း  သူမ လက်ကိုပါ ဖိကိုင်သလိုဖြစ်နေတာမို့ အတင်းရုန်းတော့လည်း မရ..။ အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ် တော့မလိုဖြစ်နေစဉ် လက်တစ်စုံက Nuyen ၏ လက်နှင့် Din ၏ လက်ကို ဆွဲခွါ၍ ရေပိုက်ကို Din ၏လက်ထဲ ပါသွားစေလျက်.။

“Nuyen ပေးလိုက်ပါ..Mr. Din ကလောင်းပေးချင်နေတာကို..မင်းသက်သာတာပေါ့ လာ…”

Nuyen လက်ကိုဆွဲကာ ထွက်သွားသော Kong ဆိုသည့်သူကို  ကြည့်ကာ Din ကြိတ်မနိုင်ခဲမရ.။ရောက်လာကတည်းက ဘယ်သူ့ကိုမှ ထီမထင်ဒီဇိုင်းနှင့် သူ့ကို ကြည့်မရတာ..။ တောက် တစ်ချက်ခေါက်လျက် ကိုင်ထားသည့် ရေပိုက်ကိုဆောင့်ချ လိုက်သည်.။ မျက်လုံးထောင့်နားက အရိပ်ကိုအမှတ်မထင်ကြည့်မိလိုက်တော့  ပန်းရုံခြံတိုင်လေးကို မှီရပ်နေသော Krist သည် လက်ထဲတွင် လေးနှင့်မြှားကို ကိုင်လျက်..

“ခင်ဗျား က အန်တီ Yann ရဲ့ မောင်ဆို..ခု တူမကိုဆက်ဆံတဲ့ပုံစံက အဟွန်း ထူးဆန်းသားနော့ ”

လှောင်ရိပ်တွေသမ်းနေသည့် Krist မျက်နှာကို ကြောင်ကြည့်နေရင်းနဲ့မှ ကိုယ့်ကိုကိုယ် ကျိန်ဆဲမိလိုက်သည်။ ဘယ်လိုဖြစ်လို့ ကျားရှေ့မှောက်လျက်လဲရသည်လဲ..။

မျက်နှာပျက်ပျက်နဲ့ Dinကို လှောင်ပြုံးပြုံးပြလိုက်ပြီး Krist လေးပစ်လေ့ကျင့်နေကျ ခြံဝန်းထဲက နေရာကို ထွက်လာခဲ့လိုက်သည်။
-
-
“Mr.Din က မင်း အမေရဲ့ မောင်ဝမ်းကွဲနော်..အရင်ကတည်းက အတူနေတာလား”

နှစ်ကိုယ်တူတိုင်းပြည်Where stories live. Discover now