Prachaya အိမ်တော်၏ ဆင်ဝင်အောက်တွင် ကားကို ဖြည်းဖြည်းရပ်ကာ အိမ်ထဲတောက်လျှောက်ဝင်လာခဲ့သည်.။ဧည့်ခန်းတွင် ထိုင်နေကြသည့် Plon နှင့် ကတော်Rom တို့ကိုတွေ့တော့ Plon ဘက်ကိုသာ ခေါင်းလေး ငုံ့လျက် အရိုအသေပေးခဲ့လိုက်သည်.။ ကတော် Rom ၏ ရိုင်းလိုက်တာ ဟူသော စကားကနောက်က ကပ်ပါလာသေးသည်.။အင်းလေ.. သူ့ကိုမှ အရေးမစိုက်တာ ပြောချင်ရှာမှာပေါ့.။
အခန်းတံခါးကိုတွန်းဖွင့်ဝင်လိုက်သော ခပ်လောလောပြေးထွက်လာသည့် Singto နှင့် ဆုံသည်.။ သူက ဘေးကပ်၇ပ်ပေးသည်မို့ Krist မည်သည့်စကားမှမဆိုဘဲ အထဲကိုသာဝင်လာခဲ့လိုက်သည်.။ သို့ပေမယ့် Singto က တံခါးပြန်ပိတ်ကာ တောက်လျှောက်ကပ်ပါလာသည်.။
“ပြောစရာ မရှိဘူးလား??”
Krist မဖြေပါ.။ခုနေ ကုတင်ပေါ်ပစ်လှဲကာ ခွေခွေလေးအိပ်လိုက်ချင်မိသည်.။
“မျက်နှာကရော ဘာလို့အဲ့လောက်ဖြူဖျော့နေတာလဲ.”
Prachaya အရှင်သခင်၏ ကျယ်ဝန်းလှသည့် အိပ်ခန်းပေမို့ Krist ကုတင်ရှိရာဆီသာ ဦးတည်သွားနေသည်.။ Singto စိတ်မရှည်ဖြစ်လာကာ အနားကပ်လျက် လက်ကို ဆွဲလိုက်သည်.။
“ကိုယ် မင်းကိုမေးနေတာလေ.”
အသံမထွက်ဘဲနှင့် အသည်းခိုက်လု မတတ်နာကျင်သွားပုံရသော Krist ၏ မျက်နှာကြောင့် ဆွဲထားသည့် လက်ကို ယောင်ယမ်း လွှတ်ပေးလိုက်မိသည်.။
“ကျွန်တော် နားတော့မယ်.”
“ခဏနေဦး~ ”
ဒီတစ်ခေါက်တော့ ထိုညာလက်ကို မဆွဲရဲသည်မို့ ပုခုံးနှစ်ဖက်ကို ကိုင်လှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်ပြီးမှ လက်မောင်း နှင့် လက်ဖျားလေးတွေကတစ်ဆင့် ကိုင်ကာ လက်ဖျံကိုစစ်ဆေးကြည့်လိုက်သည်။ ဖြူသော အသားတွင် နီညိုရောင်ယောင်ကိုင်းနေမှုကာသိသိသာသာ.။
“မင်း ထိခိုက်လာတယ်???”
“ရတယ် ဖယ်~~”
ဖယ်ဆိုပေမယ့် Krist အတင်းမရုန်းပါ.။ Singto ၏ လက်ထဲတွင် သူ လက်တစ်ဖက်ရှိဆဲဖြစ်သည်.။
“ဘယ်လိုလုပ်ရမှာလဲ.။မင်းအထိမခံနိုင်ဖြစ်နေတာ .။ကျိုးသွားတာမဟုတ်ရင် အရိုးအက်သွားတာများလား.။သွားမယ် ခုပဲ ဆေးရုံပြရမယ်.”
![](https://img.wattpad.com/cover/160659830-288-k71891.jpg)
ESTÁS LEYENDO
နှစ်ကိုယ်တူတိုင်းပြည်