Chapter-15

15.9K 1.3K 68
                                    

“ဟမ်..ဒါ ဟိုတစ်ခေါက် ကလပ်မှာတွေ့တဲ့ Krist ဆိုတာများလား.”

မဂ္ဂဇင်း စာစောင်အင်တာဗျူးတွေထဲတွင်  Prchaya စံအိမ်၏ မင်္ဂလာပွဲသည် ယခုမှ Singto Prachaya ကို media များတွင် မြင်ခွင့်ရကြသလို အိမ်ထောင်ဖက်ကလည်း အမျိုးသား ဖြစ်နေသည့်အတွက် ခေတ်စားနေဆဲဖြစ်သည်.။  Nick တစ်ယောက်သာ သူငယ်ချင်းတွေ နှင့် တောလိုက်ထွက်သွားသည့်အတွက် ခုမှသိရခြင်း..။

“P’ Nick က အဲ့တစ်ယောက်ကိုသိလို့လား.??”

Yaya က ဆေးစာအုပ်ထူထူလေးကိုင်ကာ စာကြည့်နေရင်းမှ Nick ၏ ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် ပြန်မေးလိုက်မိသည်.။

“ကလပ်မှာတုန်းကတည်းကလေ..ငါက သူ့ကို ခဏခေါ်သွားမလို့ကို P’Sing ရောက်လာလို့ ဒီတိုင်းထားလိုက်ရတာ.”

“ပွေတဲာ့ ရှုပ်တာလေးလည်း လျှော့ဦး..။ဘယ်နှယ့် ယောကျာ်းလေးကို--”

ပြောသာပြောမိတာပါ.။ Krist Perawat က ယောကျာ်းဆန်ဆန်ချောသလို ကလေးလို ချစ်စရာကောင်းသည့် ပါးချိုင့်ငယ်ကိုလည်း အမှတ်တမဲ့ သူ ပြုံးတာမြင်လိုက်၇လို့ သတိထားမိတာ.။ဒါကလည်း P’Sing သူ့ကို ကားလက်ဆောင်ပေးတုန်းက ဘယ်သူမှ မမြင်ဘူးထင်ပြီး ပြုံးလိုက်လေသလားတော့ မသိ.။

“ဘာပဲဖြစ်ဖြစ်နော်.ခု သူက P’Sing ရဲ့ သက်ဆိုင်သူနော်.. P’Nick ပြဿနာတော့မရှာနဲ့။”

“မနေ့က Mae ပြောတော့ ချစ်လို့ယူထားရတာ မဟုတ်ဘူးဆို.။ဒါဆို P’Sing က Krist ဘာဖြစ်ဖြစ် သတိထားစရာလား..။ငါ့ ဘာသာ လုပ်ချင်လုပ်မယ်..နင်က အငယ်.ငါ့ကို ဆရာမလုပ်နဲ့ yaya…”

ပြောချင်ရာပြောပြီး Nick က ဧည့်ခန်းထဲက အရင်ထလာခဲ့လိုက်သည်.။  စွဲလန်းနေတာမျိုးတော့ မဟုတ်ပေမယ့် တကယ်ပဲ Krist က သဘောကျစရာကောင်းလှသည်.။ Nick တစ်ယောက်က မိန်းကလေးတွေ သာမက ယောကျာ်းလေးတွေလည်း စုံနေအောင်တွဲဖူးပေမယ့် ယောက်ျားလေးထဲမှာ သူ မြင်မြင်ချင်း သဘောကျမိတာတော့ Krist တစ်ယောက်ထဲ ရှိသည်.။ ဒါပေမယ့်  သူတစ်ပါးက ခု Singto ၏ ခင်ပွန်း..။ ကိစ္စတော့မရှိပါဘူးလေ.. Singto က Krist ကို မှ မကြိုက်တာ.။

“Oh~~”

ခြံထဲတွင် Krist သည် နှင်းဆီရောင်စုံပန်းခြံနားတွင် ရှိနေသည်.။ဒူးထက်ဘောင်းဘီအဖြူရောင်အတို.. အင်္ကျီ ပြာနုနုက သူ့ကို နုပျိုလွင်ကာ ပေါ့ပေါ့ပါးပါးအသွင်ဖြစ်စေပြီး နှင်းဆီ ရောင်စုံတွေကို တစ်ခုချင်း အကဲစစ်နေလေ၏။

နှစ်ကိုယ်တူတိုင်းပြည်Donde viven las historias. Descúbrelo ahora