ဆေးရုံက ဆင်းလာပြီးမို့ အိပ်ခန်းထဲတွင် Singto က သက်တောင့်သက်သာလှဲလျောင်းနေသည်.။ အခန်းလယ်က စားပွဲတွင်တော့ Aim ကစာရွက်စာတမ်း တစ်ထပ်နှင့် ထုံးစံအတိုင်း အလုပ်ရှုပ်နေပြန်သည်။
"decoratin result က ထွက်တော့မယ်ကွ.။ အမှန်ဆို ပွဲနေ့က ကြေငြာမလို့ဆို မင်း ကိစ္စဖြစ်သွားတော့ လွဲသွားတာ.။ ဒါရိုက်တာ အဖွဲ့ဝင်တွေ ဆုံးဖြတ်ပြီးကြပြီ.။ ငါ ခန့်မှန်းရသလောက်တော့ မင်း ယောကျာ်းရဲ့ ဒီဇိုင်းက hot ဖြစ်နေပုံပဲ.။ "
စာရွက်တွေ လှန်နေရင်းနှင့် ရောက်လာကတည်းက အလုပ်ကိစ္စတွေ ကို အစီရင်ခံနေပါသော်လည်း အာရုံသိပ်ရှိပုံမပေါ်သော Singto သည် ယခု ကိစ္စတွင်မှ စိတ်ဝင်စားပုံရ၏။ Aim နှုတ်ခမ်းမဲ့လိုက်မိသည်.။ အစီရင်ခံစာ တစ်ခုပြောတိုင်း မင်း ယောကျာ်း ကလေ ဟု အစချီရမလိုဖြစ်နေပါပြီ.။
"အင်း သူ က အဲ့ဒီဘက်ပိုင်းမှာ တကယ်ထူးချွန်တယ်."
"အေးပါကွာ...မင်းပဲပြော !!! ဒါနဲ့လေ Sing အရင်က မင်းစုံစမ်းခိုင်းတဲ့ကိစ္စ နည်းနည်း သိရပြီ.။ အဲ့ဒီ Madam Yann နဲ့ Din ဆိုတဲ့လူက မရှင်း မရှင်း တဲ့ကွာ .။ ၀မ်းကွဲမောင်နှမလို့ပြောကြပေမယ့် သူတို့ နည်းနည်းကြာကြာနေခဲ့တဲ့ ပတ်ဝန်းကျင် မယုံဘူးလို့ပြောကြတယ်.။ Krist ရဲ့ အဖေနဲ့လက်မထပ်ခင်အထိ အဲ့ဒီလူက Madam Yann တို့အိမ်ကို ခဏခဏ အ၀င်အထွက်ရှိတယ်တဲ့.။ ပြီးတော့ ပိုပြီး အရေးကြီးတဲ့ကိစ္စ... လွန်ခဲ့တဲ့ နှစ်က ချင်းမိုင်ကခြံထဲကို သူတို့ရောက်ပြီး မကြာခင်မှာပဲ P'Neေ၇ာက်လာတာကို မြင်တဲ့သူ ရှိတယ်.။ ရဲတွေ စစ်ဆေးချက်အရတော့ P'Ne ရောက်ပြီးမှ သူတို့ရောက်လာတယ်ပေါ့.။အမှန်က သူတို့အရင်ရောက်တာ.."
Singto အာရုံစူးစိုက်မှုဖြင့် သေချာနားထောင်နေသည်.။ အမှန်ကိုပဲ Madam Yann တို့သည် P'Ne သေဆုံးမှုနှင့်ပတ်သက် ဆက်နွယ်နေမှုရှိကိုရှိရပေမည်..။ ဒါဆို ဘယ်လို အစဖော်ရမလဲ ????
"သခင်လေး Mr.John ဆိုတဲ့လူ ရောက်နေပါတယ်.ရှင့်"
ဖွင့်ထားသော အခန်းတံခါးဝကနေ ကောင်မလေး တစ်ယောက် လာပြောတော့ နှစ်ယောက်သား အောက်ထပ်ဆင်းလာခဲ့ကြသည်။ ဧည့်ခန်းတွင် Mr.John နှင့် ၁၅ နှစ်ခန့် ကပြားရုပ်နှင့် ကောင်လေးတစ်ယောက် .။
ESTÁS LEYENDO
နှစ်ကိုယ်တူတိုင်းပြည်