Singto က လောလောဆယ်တော့ krist ကို သူ့ရဲ့ နားနေခန်းထဲကို ခေါ်သွားလိုက်သည်.။ ဒီအဆောက်အဦးက Prachaya စံအိမ်၏ လက်အောက်တွင် ရှိသောကြောင့် Singto ၏ အိပ်ခန်းရေမီးအပြည့်အစုံနှင့် အထူးနားနေခန်းက ရှိလေသည်.။ဧည့်သည်လက်ခံတွေ့ဆုံစရာရှိရင်တော့ နောက်ထပ်ရုံးခန်းတစ်ခုတွင်သာ စကားပြောတတ်ပေမယ့် Krist ကတော့ သူ့ တရားဝင်သက်ဆိုင်သူမို့ အခန်းထဲကိုသာ ခေါ်လာခဲ့ခြင်းဖြစ်သည်.။
အခန်းထဲရောက်တော့ အခန်းထဲက ဆိုဖာပေါ်အသာတင်ပေးလိုက်သည်.။
“အင်္ကျီချွတ် !!!”
“ဘာ !!!”
မျက်မှောင်ကြုံ့လျက်ပြန်မေးနေသော Krist ကို သူ ဟက်ခနဲတစ်ချက်ရယ်လိုက်မိသည်.။
“မင်း ဒဏ်ရာလေး ပတ်တီးပြန်စည်းရမယ်မလား.။ ဘာတွေ တွေးနေတာလဲ.”
“ဘာကို တွေးရမှာလဲ.ခင်ဗျားက အဆက်အစပ်မရှိပြောတော့ ရုတ်တရက်နားမလည်ဖြစ်သွားတာ.”
အင်း…ချက်ချင်း ပက်ခနဲပြန်ပြောတတ်တာလည်း Krist Perawat ပါပဲ.။ Krist က ထိုင်လျက်နှင့်ပင် ဘောင်းဘီထဲထည့်ဝတ်ထားသည့် အင်္ကျီ ကို အသာထုတ်ကာ ကြယ်သီး တစ်လုံးချင်းဖြုတ်နေသည်.။
“ဆရာဝန်ခေါ်ပေးလိုက်မယ်”
“မခေါ်ပါနဲ့ ဒီလောက်လေးကတော့ ကိုယ့်ဘာသာလုပ်လို့ရတယ်.။ ”
Krist က ပြောပြောဆိုဆို ခါးကပတ်တီးကို သူ့ဘာသာဖြည်းဖြည်းချင်းဖြည်နေသည်.။တစ်ချက် တစ်ချက်လည်း မျက်နှာက မဲ့သွားသည်.။ Singto ခေါင်းတယမ်းယမ်းနှင့် သူ့ဘေးတွင် ၀င်ထိုက်လိုက်၏။
“ကဲ ဖယ်.. မင်း လုပ်နေတာ ဒီနေ့ပြီးတော့မှာ မဟုတ်ဘူး.”
“ရတယ်..ကျွန်တော့်ဘာသာ--”
Singto က Krist လက်ထဲက ပတ်တီးစကို ဆွဲယူလိုက်သည်.။ စကားတစ်ခွန်းမဆိုဘဲ ပတ်တီးစကိုသာ အာရုံစိုက်နေသည်.။ခါးကို ပတ်ချည်ထားသည့် ပတ်တီးကြောင့် ပတ်ကာပတ်ကာဖြည်နေရချိန်တွင် သူက Krist ခါးကို ဖက်တွယ်သလို ဖြစ်ဖြစ်သွားရသည်.။
ဒဏ်ရာကိုသာ အာရုံစိုက်နေသော Singto ကို Krist ကခပ်တည်တည်ပဲ စိုက်ကြည့်နေမိသည်.။ မျက်ခုံး မျက်တောင် ချောမွေ့ခန့်ညားမှု ဘာတစ်ခုမှ အပြစ်ပြောစရာမရှိ…။ ဒါကြောင့်လည်း Nuyen က လက်မလွှတ်နိုင်တာဖြစ်လောက်သည်.။ပြီးတော့ နောက်တစ်ယောက်ရှိပါသေးသည်.။ Maya ဆိုလား ??? သူ့ကိုယ်သူ Singto ၏ သမီးရည်းစားလိုလို လာပြောသွားပြီး နောက်ဆုံ့းတော့ မင်္ဂလာပွဲမှာ အံတကြိတ်ကြိတ်နှင့်.။
![](https://img.wattpad.com/cover/160659830-288-k71891.jpg)
KAMU SEDANG MEMBACA
နှစ်ကိုယ်တူတိုင်းပြည်