Chapter-18

16.3K 1.3K 65
                                    

“ကုမ္ပဏီအသေးတစ်ခုကပဲ Sing. ငါတို့ ရထားတဲ့မြေကွက်က သူတို့အသည်းအသန်လိုအပ်နေတော့ မင်း ဆီက လွှဲပြောင်းပေးခွင့်ကိုလိုချင်တာ .။ရှင်းရှင်းပြောရရင် အချောင်လိုချင်တယ်ပေါ့.။”

Aim က စာရွက်တွေကိုလှန်လှောနေရင်းနှင့်ဆိုတော့ Singto ဆိုဖာပေါ် ခြေချိတ်ထိုင်နေရင်းက နှုတ်ခမ်းတို့တင်းတင်းစေ့သွား သည်.။

“အချောင်လိုချင်တယ်ဆိုတာနဲ့ပဲ.။ခုလို ရန်ရှာရလား?? ”

“အဲ့ဒါတော့ ဟုတ်တယ်.။ သူတို့ကတဇွတ်ထိုး လုပ်မှာကွ.။ အခန့်မသင့်ရင် မင်း ကိုရရင်ပြီးရော ကျန်တဲ့သူ ဘယ်လိုဖြစ်ဖြစ် .Krist ကိုလည်း ရှင်းပစ်ဖို့ဝန်လေးမှာ မဟုတ်ဘူး.။မင်းကလည်းအချိန်ကိုက် အဲ့ချိန်ရောက်မှ ဗိုက်အောင့်ရတယ်လို့.။တော်သေးတာပေါ့ ငါတို့ေ၇ာက်လာလို့ မဟုတ်ရင်မင်းကို ကာကွယ်ရတာနဲ့  Krist တော့ ဒုက္ခရောက်ပြီပဲ.။”

Singto မျက်မှောင်ပါကြုံ့လာသည်.။ ပတ်ဝန်းကျင်လေထုက အေးစက်သွားသယောင် ခံစားရသည်မို့ Aim စာရွက်တွေလှန်ရာမှ မော့ကြည့်ပြီးမှ ခပ်စူးစူးကြည့်ခြင်းခံနေရသည်ကို သိပြီး ကျောချမ်းသွားရသည်.။

“ဟို~ ငါ ကမင်းကို စိတ်ပူလို့ပါ.။Krist ကိုလည်းပူတာပေါ့.။ သူက မင်းယောကျာ်းမို့လို့လေ.”

“ငါ ကဘာပြောနေလို့လဲ??”

ဟုတ်ပါတယ်.။ဘာမှမပြောပါ.။အကြည့်နဲ့ပင် သတိပေးနေသလားပဲ.။ တစ်ချက်တစ်ချက် Singto ၏ စိတ်ကို Aim လည်း လိုက်မမီပါ.။  Krist ကို မလိုချင်လဲလက်ထပ်ခဲ့ရသည်သာဆို… အဲ့ဒီကြားထဲက အလေးထားပေးမှုတွေတော့ ခံစားနေရသည်.။ သို့သော် ရည်းစားဟောင်း Nuyen ဆိုသည့် မိန်းကလေးနှင့်လည်း ဒီလိုပုံစံပဲမို့ သူ့လောက်ဥာဏ်မပြေးသော Aim အဖို့ အမှန်တကယ်လည်း မတွေးတတ်တော့ပါလေ.။

“ငါ မင်းကို တစ်ခုစုံစမ်းခိုင်းစရာရှိလို့. Aim”

“ဟမ် အင်း .”

“Nuyen ရဲ့ အမေ Mr.Yann နဲ့ Din ဆိုတဲ့ နှစ်ယောက်ရဲ့အကြောင်း။ ပြီးတော့ P’Ne ~ ”

ထိုအမည်နာမကို ရွတ်ဆိုမိတော့ နာကျင်ဟန်စွက်နေသည့် Krist ၏ အသံကို ရုတ်တရက်ပြန်ကြားယောင်မိသွားသည်.။

နှစ်ကိုယ်တူတိုင်းပြည်Donde viven las historias. Descúbrelo ahora