Chapter -28

16.9K 1.2K 80
                                    

ရုတ်တရက်ကြီး စိတ်အလွန်အမင်းထိခိုက်သွားခြင်းကြောင့် Krist သည် Yaya သွင်းပေးထားသည့် ဆေးအရှိန်ဖြင့် အိပ်မောကျနေသည်.။

“ခဏကြည့်ထားပေး. Yaya . သူ စိတ်ထင်တာတွေလျှောက်လုပ်မှာစိုးတယ်.”

“ဟုတ်ကဲ့ P’Sing. စိတ်ချသွားပါ Yaya ကြည့်ထားပါ့မယ်.”

Rom တို့၏ ကိစ္စအကြောင်းစုံကိုသိသွားသောကြောင့် Sing အမျက်ထွက်ကာ လုပ်ငန်းစုကရော စံအိမ်ကိုပါ ခြေချခွင့် မပေးပေမယ့် Yaya ကိုတော့ စံအိမ်မှာသာ နေထိုင်ခွင့်ပြုခဲ့သည်.။ Yaya သည်လည်း Rom တို့နှင့် အဆက်အသွယ်မရ. ဖုန်းဆက်တော့လည်း စက်ပိတ်ထားကြသည်.။ Maya ကိုပင်လျှင် ဆက်သွယ်၍ မရပေ.။

Singto အောက်ထပ်ပြန်ဆင်းလာတော့ Mr.John တို့သားအဖ နှင့် Aim က ရှိဆဲဖြစ်သည်.။

“အားနာလိုက်တာဗျာ.။အခြေအနေတွေက အဲ့လိုဖြစ်သွားတော့”

“မဟုတ်တာ.။ Mr.Krist ရော အဆင်ပြေရဲ့လား.တော်တော် စိတ်ထိခိုက်သွားတယ်ထင်တယ်.”

“ဆေးသွင်းပေးထားလို့ အိပ်ပျော်နေတယ်.။ ကင်မရာ မှာ ဘယ်လိုဖြစ်ပြီးရိုက်ထားမိတာလဲ.. ကံကောင်းလို့ဗျာ.”

Mr.John က ဘေးမှာ မယုံနိုင်သလိုလေးထိုင်နေသည့် သားဖြစ်သူကို တစ်ချက်ပြုံးပြလိုက်ပြီးမှ ပြောပြဖို့မေးဆတ်ပြသည်.။

“ပြောရမယ်ဆို ကျွန်တော့်ရဲ့ ၀ါသနာကြောင့်ပါ.။ အဲ့ဘက်ခြံက တောကောင်ငယ်လေးတွေ လာတတ်တော့လေ   ကင်မရာကို video on ပြီး တစ်နေရာမှာ ဖွက်ပြီး ထားတတ်တယ်.။သူတို့ရဲ့ သဘာဝပုံစံလေးတွေကို သဘောကျတော့လေ.။ပြီးတော့ အဲ့နားက  အကောင်လေးတွေ များများတွေ့ရတတ်တဲ့နေရာမို့ ။ပုံမှန်ဆို-- ညရောက်တိုင်း ကင်မရာကို ပြန်ဖွင့်ကြည့်ပါတယ်.အဲ့တုန်းက Mae က ပြန်မယ်ပဲ ပြောနေတော့ ချက်ချင်းသိမ်းဆည်းပြီး ပြန်ခဲ့ရတာ.။ကင်မရာ ကျန်ခဲ့ရော.။ခုလမ်းကြုံနေတော့ပြန်ယူခဲ့တာပါ.။ပြီးတော့ ကျွန်တော်ကြိုက်တတ်မှန်းသိလို့ Dad ၀ယ်ပေးတဲ့အထဲက ဈေးအကြီးဆုံး ကင်မရာဆိုတော့.. အသံရော ရုပ်ပါ ကြည်လင်နေတာ..။ဟိုလေ---သူများခြံဘက်ကို တရားမ၀င်ကျူးကျော်သလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်.”

နှစ်ကိုယ်တူတိုင်းပြည်Dove le storie prendono vita. Scoprilo ora