Chapter -22

17.2K 1.3K 99
                                    

“ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိတာတော့ သိမှာပေါ့ P’Ne တဲ့.။”

စကားအစမှာ Krist ၏ မျက်နှာက လွမ်းဆွတ်ဟန်ပြပြထင်နေသည်.။ Singto က သူကုတင်ပေါ် အစွန်းနားလေး မှာပဲထိုင်နေလေ၏။

“သူက ကျွန်တော့်ထက် နှစ်နှစ်ကြီးတယ်ဆိုပေမယ့် ကလေးငယ်လေးလို ပိုးဟပ်ဖြူလေးလို တကယ်ကိုဖြူဖြူနွဲ့နွဲ့နှင့် သေးသေးလေးပါ.။ ပြီးတော့ P’က အစကတည်းက သူ့ကိုယ်သူ Gay လို့ခံယူထားပြီးသား.။ Por က အန်တီ Yann ကိုလက်ထပ်တုန်းကလည်း ကျွန်တော်က သဘောမကျဘဲ ကန့်ကွက်ချင်ပေမယ့် P’Ne က နားလည်ပေးဖို့ဆုံးမခဲ့တာ.။ တစ်နေ့လေ---ကျွန်တော် တစ်ယောက်တည်း ရုံးခန်းမှာ အလုပ်များနေတဲ့အချိန် သူက ချင်းမိုင်ကို အလုပ်ကိစ္စနဲသွားတုန်းက ကျန်ခဲ့တဲ့ စိန်သေတ္တာငယ်လေးကိုသွားပြန်ယူဖို့လုပ်တယ်.။ မသိခဲ့ဘူး---အဲ့ဒါ က P’ ကို အသက်၇ှင်လျက်နောက်ဆုံးတွေ့တာဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး.”

Krist ၏ အသံက အက်ကွဲတိုးတိမ်လာသောကြောင့် သူ၏ ဘယ်လက်ဖ၀ါးတစ်ဖက်ကို မသိလိုက်ပါဘဲနှင့် Singto လက်ထဲကောက်ထည့်ထားမိသည်.။

“အချိန်ကြာလို့ပြန်မရောက်သေးတော့ ဖုန်းဆက်တယ် ။စက်ပိတ်ထားတယ်ပဲ ဖြစ်နေတာနဲ့ စိတ်မြန်လက်မြန်ကျွန်တော်က လိုက်သွားလို့ ရောက်ခါနီးမှာပဲ ချင်းမိုင်ခြံက ခြံစောင့်ဦးလေးက ဖုန်းဆက်လာခဲ့တယ်.။P’Ne ခြံထဲက အိမ်မှာ ဆွဲကြိုးချသေနေတယ်တဲ့.လေ ။ ကျွန်တော်ရောက်တော့ ရဲတွေက စစ်ဆေးနေကြပြီ..P’ –P’Ne ကို ဖက်ပြီး အသံပြာမတတ်အော်ငိုခဲ့တာ.သူကလေ..ကျွန်တော့်အတွက် နှစ်ယောက်မရှိနိုင်တဲ့သွေးသား..”

မျက်ရည်တွေ တရစပ်ပြိုကျလာလေတော့ သည်းမခံနိုင်တော့ပါ.။ Singto သည် Krist မှီထိုင်နေသော ကုတင်စောင်းတွင် ယှဉ်တွဲထိုင်ကာ သူ့ကို ရင်ခွင်ထဲ ထည့်ဖက်ပြီးနေပြီ.။

“မပြောနဲ့တော့. မင်း သိပ်ပင်ပန်းရင် မပြောပါနဲ့တော့”

“ဟင့်အင်း~~ အဆုံးထိပြောမယ်.”

ခေါင်းခါကာ Krist ၏ ရှိုက်သံက အင့်ခနဲတစ်ချက်ပေါ်ထွက်လာသည်.။

“အဲ့မှာ ဘာကိုတွေ့လဲသိလား ။ ကျွန်တော့်ထက်အရင် အန်တီ Yann နဲ့ သူ့မောင်ဝမ်းကွဲဆိုတဲ့ Mr.Din ကိုတွေ့တာပဲ .။ သူတို့ပြောတာ ခြံထဲကို Din ကမရောက်ဖူးလို့လာပို့ပေးတာတဲ့.။ရောက် ရောက်ချင်းပဲ P’Ne ရဲ့အဖြစ်နဲ့ကြုံတာပဲတဲ့.။ကျွန်တော် မယုံဘူး သိလား Sing ??”

နှစ်ကိုယ်တူတိုင်းပြည်जहाँ कहानियाँ रहती हैं। अभी खोजें