“ဒီတိုင်းပဲ နေတော့မှာလား Nuyen .Singto ကိုပြန်ရဖို့ဘာမှ မကြိုးစားတော့ဘူးလား ”
ဒီဇိုင်းဆွဲလက်စ Nuyen လက်တို့ Mr.Yann ၏ စကားကြောင့် တန့်သွားရသည်.။သို့သော် ဟန်မပျက်ဘဲ ဆက်ဆွဲနေလိုက်သည်.။
“တကယ်ပဲ ပြန်မယူတော့ဘူးလား.။သူ က အစကတည်းကသမီးချစ်သူလေ.သူလည်း ချစ်တာပဲကိုး .”
Mr.Yann အားမလိုအားမရဖြစ်စွာဖြင့် Nuyen ရှေ့တွင်လာထိုင်သည်.။
ဘာကြောင့်မှန်းမသိ Nuyen ကတော့ Sing ချစ်တယ်ဆိုတာကို နည်းနည်း သံသယဖြစ်နေမိသည်.။ ပြန်စဉ်းစားကြည့်တော့ Singto သည် သူမ ကို ဘယ်တုန်းကမှချစ်တယ်မပြောခဲ့ဖူး.။ သဘောကျတယ် ဆိုတာနဲ့များတွဲဖြစ်ခဲ့ကြလေသလားလို့ ပြန်တွေးမိနေ၏.။ ကိုယ်က သာ စတင်ချစ်ခဲ့ရသူမို့ သူ တောင်းဆိုလာတော့ မည်သည်မှ မတွေးမိဘဲ လက်ခံဖြစ်ခဲ့သည်.။
“Nuyen …Mae ပြောတာရော ကြားးရဲ့လား.”
“Mae.. Nuyen အလုပ်ရှိလို့ ဂိုထောင်ဘက်ခဏသွားလိုက်ဦးမယ်.”
Mae ၏ စကားကို ဆက်နားမထောင်ချင်သော Nuyen သည် Mae ၏ နောက်မှ အော်ခေါ်နေသံတို့ကို လျစ်လျူရှုကာ ဆွဲလက်စ စာအုပ်ကို ပိတ်လျက် ပိုက်လာခဲ့လိုက်သည်.။အိမ်ဆင်ဝင်အောက်က ကားထဲ တန်းဝင်ကာ မောင်းထွက်လိုက်သည်.။ ဂိုထောင်ဘက်တွင် ပစ္စည်းကြည့်ချင်၍ အတူသွားရန် အတွင်းေ၇းမှူးမလေးကို ဖုန်းဆက်၇န် တွေးမိသော်လည်း ပိတ်ရက်ပေမို့ ဂိုထောင်မှူးကို သာဖုန်းဆက်ထားလိုက်တော့သည်.။
ဂိုထောင်ဘက်လမ်းတွေရောက်လာသောအခါ ကားအသွားအလာ နည်းနည်းကျဲသွားသည်.။ သွားနေကျဖြစ်သောကြောင့် Nuyen အေးအေးဆေးဆေး မောင်းနေပေမယ့် နောက်ကြည့်မှန်ကနေ မြင်နေရသည့် ကားအနက်ကြောင့် စိတ်ထဲ ထင့်သွားသည်.။ လမ်းအချိုးမှာကတည်းက သတိထားမိသော်လည်း ကွေ့သွားမည်ထင်ခဲ့သည်.။သို့သော် ခု သူမ ကားနောက်လိုက်နေသလား သံသယဖြစ်လာရလေပြီ.။ထင်သည့်အတိုင်း ထိုကားက Nuyen ကားကို ကျော်တက်ကာ ရှေ့မှပိတ်ရပ်၏။ ကားကို အလန့်တကြား ဘရိတ်အုပ်လိုက်မိသည်နှင့် မရှေးမနှောင်း ထိုကားပေါ်မှ လူမိုက်ဟန် သုံးယောက်ခန့်က ၀ရုန်းသုန်းကား ပြေးဆင်းလာသည်.။
YOU ARE READING
နှစ်ကိုယ်တူတိုင်းပြည်