Chapter-9

13.8K 1.1K 26
                                    

“ကျွန်တော်ပဲ ဖြေရှင်းပါ့မယ် Mae..”

“ဘယ်လိုဖြေရှင်းမှာလဲ သား ??”

ထိုင်နေရာတာ အလှမ်းဝေးသည်ထင်သည်ကြောင့် Plon သားဖြစ်သူနား မချင့်မရဲဖြင့် ပြောင်းထိုင်လိုက်သည်.။

“မနက်ဖြန် သဘက်ခါပဲ ပွဲက စတော့မယ်. အပြောင်အပြက်လုပ်လို့မရဘူးနော် Sing.. ။  ယောကျာ်းလေးအချင်းချင်းတောင် အဲ့ကောင်လေး က အပိုင်ဖမ်းခဲ့တာဆို။ Mae ဘယ်လိုစိတ်အေးနိုင်မလဲ Sing ရယ်..”

“ဒါပေမယ့် ဘယ်လိုလုပ်မလဲ Mae။ သူ့ကိုလက်မထပ်ဘူးဆိုရင် သူ့အိမ်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကို အန်ကယ် ရှေ့ ဘယ်လိုမျက်နှာပြရမလဲ.။ ပြီးတော့ Nuyen ကလည်း အဲ့အခြေအနေကို လက်ခံပေးမှာ မဟုတ်ဘူး.။ အဲ့နေ့ကတည်းက ကျွန်တော့်ကို ရှောင်နေတာ. ။ ခု ကျွှန်တော်လည်း အိမ်ပြန်လာနေတော့ ပိုဆိုးပေါ့..”

စကားလုံးတိုင်းကို Sing က တည်ငြိမ်စွာပင်ရှင်းပြသည်.။အလောတကြီးလုပ်လို့မရတာကို Mae ကို သိစေချင်မိသည်.။

“အဲ့ဒါဆို Nuyen ကို ဘယ်လိုလုပ်မလဲ သား.။ သူ့ကို အဆုံးရှုံးခံမလို့လား”

“Nuyen ကို ကျွန်တော် သဘောကျပါတယ်.အစစ အရာရာ ပြည့်စုံတဲ့မိန်းကလေးပါ.။ သူနဲ့အတူရှိရင် စိတ်ချမ်းသာမှာ လုံးဝ သေချာတယ်. ။ အဲ့ဒါကြောင့် တစ်ဘ၀စာမလွဲရအောင် သေချာအချိန်ယူဖြေရှင်းမယ် Mae ။”

“ဒါပေမယ့် သူနဲ့ကွာရှင်းပြီးရင် သား က အိမ်ထောင် တစ်ခါပြုပြီးသား။ အို---Mae လေ မုန်းလိုက်တာ အဲ့ဒီ Krist Perawat ကို mae မုန်းလိုက်တာ Sing ရယ်..သူများချစ်ခြင်းကိုသက်သက်မဲ့ ခွဲတာ..”

Mae စိတ်ဆိုးနေသည်တော့ သူ ဘာမှ မပြောဘဲ အသာထိုင်နေလိုက်သည်.။ Mae သည် အစဉ်အဆက်ချမ်းသာလာသော တော်ဝင်မျိုးနွယ်ဝင်ဖြစ်သည့်အပြင်Sing လေးနှစ်သား ကတည်းက ရောဂါနှင့်ဆုံးသွားသော paw မရှိခင်ကတည်းက သူ့ကို တစ်ယောက်တည်းပြုစုပျိုးထောင်လာသူ ဖြစ်သည့်အပြင် Sing အရွယ်ရောက်သည့်အထိ Prachaya လုပ်ငန်းစုကို ကောင်းစွာလည်ပတ်ထိန်းသိမ်းထားနိုင်သည့် အမျိုးသမီးပေမို့ ထက်မြက်သူ လည်းဖြစ်သည်.။ယခုနောက်ပိုင်းတွင်မှသာ သူမ၏ ပုဂ္ဂလိကဆေးရုံကို သာ ဒါရိုက်တာအနေနှင့် အုပ်ချူပ်နေလေသည်.။

နှစ်ကိုယ်တူတိုင်းပြည်Donde viven las historias. Descúbrelo ahora