Chapter-7

13.4K 1.1K 29
                                    

ဒီနေ့မနက်တော့ Nuyen စိတ်ကို အရှင်းဆုံးထားလိုက်သည်.။သို့ပေမယ့်လည်း မနေ့ကအဖြစ်က ခေါင်းထဲပြန်ဝင်လာသည်.။

**  မင်း ခုလက်ထပ်ဖို့ပြင်ဆင်နေတဲ့သူက တို့ရဲ့ P’Sing ပဲ.သူ က တို့ကိုစိတ်ဆိုးပြီး မင်းနဲ့တွဲနေတာ. တွဲတာလောက်တော့ ပြဿနာမရှိပေမယ့် လက်ထပ်ဖို့လက်ခံဖို့တော့ တို့ က no ပါ.****

*** တို့တွေက ငယ်ကတည်းကသိလာကြတာ.ဒီမှာကြည့်ပါလား ပုံတွေ..မင်းနဲ့သိတာ အလွန်ဆုံး နှစ်လ သုံးလပေါ့..။P’Sing အကြောင်းတို့လောက်ဘယ်သူမှ မသိနိုင်ဘူး ..ယုံတာမယုံတာတော့ မင်းအပိုင်းလေ..ဘာပဲဖြစ်ဖြစ် တို့က ပထမဇနီးဖြစ်မှာသေချာနေတော့ ဒုတိယဇနီး  သြော်  မယားငယ်လို့ ခေါ်မလား..။ဖြစ်ချင်ရင်တော့ လက်ထပ်ပေါ့.***

Maya ဆိုသော ခပ်လှလှမိန်းမတစ်ယောက် Nuyen တို့ဆိုင်လာပြီး Mae မရှိသည့်အချိန်ပြောသွားခြင်းပင်..။ သူမ ပြသည့် ပုံတစ်ချို့ထဲတွင် ကို သည် သူမနှင့်ပြုံးပြီး ဖက်တွယ်ထားသည်..။ အဲ့တုန်းက ကို ငယ်ဦးမည်တော့ ထင်ရသည်။ kong နှင့်ပတ်သက်ပြီး မည်သည်ကိုမျှ သေချာမသိခဲ့ရသည့် အကြောင်းက စိတ်တွေရှုပ်ထွေးကာ တစ်ညတော့ အချိန်ယူစဉ်းစားခဲ့ရ၏.

အခု သူမ စိတ်ရှင်းထားလိုက်ပြီဖြစ်သည်.။ဘာပဲဖြစ်ဖြစ် Kong ကိုမျက်နှာချင်းဆိုင်မေးမြန်းသည်က အသင့်တော်ဆုံး..။ အတွေးနှင့်အတူ Kong ၏ အခန်းရှေ့တွင်ရပ်ကာ တံခါးခေါက်လိုက်သည်။ ခါတိုင်း နှစ်ချက်သုံးချက်ခေါက်လျှင်ကို ဖွင့်ပေးလာ တတ်သူက ခုတော့ ပွင့်မလာ..။

“ဘာဖြစ်လို့လဲ Nuyen .. Kong  က နိုးလို့မရဘူးလား”

အောက်ထပ်ဆင်းဖို့ အခန်းထဲကထွက်လာသော Mr Perawat နှင့် Yann ကိုမြင်တော့ သူမ ခေါင်းညိတ်ပြလိုက်သည်။

“အရင်ကဆို ဒီလောက်နိုးရမခက်ပါဘူး..တစ်ခုခုများဖြစ်နေသလား..”

Nuyen စကားသံအဆုံး Mr.Perawat က ရှေ့တိုးကာ တံခါး လက်ကိုင်ဘုကို စမ်းကြည့်တော့ လော့မချထားသည်မို့ချက်ချင်း ပွင့်သွားသည်.။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းသည် သူတို့အားလုံးကို မင်သက်သွားစေလေသည်.။

နှစ်ကိုယ်တူတိုင်းပြည်Donde viven las historias. Descúbrelo ahora