Part 1

1.7K 107 0
                                    

အထက်တန်းကျောင်းတစ်ကျောင်း၏
အတန်းတခုထဲတွင် ဆရာနဲ့ ကျောင်းသားသစ်တစ်ဦးတို့ ထိုအတန်းထိပ်မှာ ရပ်နေသည်။

"အသစ်ရောက်လာတဲ့ ကျောင်းသားပဲ..နှုတ်ဆက်လိုက်ပါ သား"

"မင်္ဂလာပါ..Park Min Ha လို့ခေါ်ပါတယ်
ရှေ့လျှောက်လည်း ကူညီပေးကြပါ"

min ha ဆိုတဲ့ ကျောင်းသားလေး ခေါင်းကို 90° ငုံ့ပြီး အရိုအသေပေးလိုက်တာနဲ့အတူ..

"ချောလိုက်တာ.." "ကောင်းကောင်းခင်ကြရအောင်"

လက်ခုပ်သံတွေလည်း ထွက်လာကြသည်။

"အများကြီး ကူညီပေးပြီး အချင်းချင်းယိုင်း"ပင်း"ဆက်ဆံကြနော်"

'အားလုံး က တက်တက်ကြွကြွရှိပြီး ခင်ဖို့ကောင်းမယ့် သူတွေလိုပဲ တော်ပါသေးရဲ့'

မင်ဟာတစ်ယောက် စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။

"မင်ဟာကတော့ ဟိုနောက်က လွတ်နေတဲ့ နေရာမှာ ထိုင်လိုက်နော်"

"ဟုတ်ကဲ့"

ဆရာရဲ့ ညွှန်ကြားချက်နှင့်အတူ မင်ဟာ အတန်းနောက်က ခုံအလွတ်မှာဝင်ထိုင်လိုက်သည်။
လွယ်အိတ်ကို ချွတ်ပြီး ခုံမှာ ချိတ်မယ်အလုပ်
ထူးဆန်းလာတဲ့ ခံစားမှုကြောင့် ဘေးခုံကို ကြည့်မိတော့..

"ဒီမှာ ထိုင်ရင် ရွံစရာကောင်းတယ်နော်.. "
"🖕fuck u"
"ထွက်သွား" စတဲ့ ခုံပေါ်က စာတွေကို ဖုံးနေပြီး လက်မှာလည်း ဒဏ်ရာအပြည့်ကို ပလာစတာတွေ ပတ်တီးတွေနဲ့ ပြည့်နေတဲ့ ကောင်လေးကြောင့် မင်ဟာ အံ့သြနေမိတယ်။

ထိုကောင်လေးလက်တွေကလည်း ပိန်ခြောက်နေပြီး အရိုးတွေပြိုင်းနေတယ်။

'အပယ်ခံများလား..တော်တော်လည်း ပိန်တာပဲ'

ထိုစဉ် ထူးဆန်းတဲ့ အနံ့တခုကြောင့် နှာခေါင်းကို အမြန်ပိတ်လိုက်ပြီး

'ဟ..ဘာ အနံ့ပါလိမ့်..ဆေးလိပ် ဒါမှမဟုတ် တခြားအနံ့များလား.'

ထိုကောင်လေးကိုကြည့်ရတာ တော်တော်လေး စိတ်ဓာတ်ကျနေပုံပဲ..

"Annyeong.. မင်းနာမည်ဘယ်လိုခေါ်လဲ"

Minha ပြုံးပြီး ထိုကောင်လေးကို မေးလိုက်တယ်။

Honey BloodWhere stories live. Discover now