Part-6

851 87 5
                                    

ဘယ်လိုလုပ်မလဲ..

Baekhyun ကြက်သွန်ဖြူ ထုပ်ကို ရင်ဘတ်မှာပိုက်ကာ လမ်းလျှောက်ရင်း မှိုင်ပြီး စဉ်းစားနေတယ်။သူကိုယ်တိုင်တောင် နေရခက်ခဲနေတဲ့အချိန် လူတစ်ယောက် မဟုတ်တဲ့ သွေးစုပ်ကောင်တစ်ယောက် or တစ်ကောင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ခေါင်းထဲမှာ အကြပ်ရိုက်နေတယ်။

Baekhyun လမ်းလျှောက်နေရင်း ခေါ်လာတဲ့ ထိုvampire ဆိုသူကို မော့ကြည့်မိတော့...

"ဟင်???"

Baekhyun ညဖက်အိပ်ချင်မူးတူးအနေဖြင့် မျက်စိမှားနေသည်ဟုထင်ရလောက်အောင် အံ့သြဖွယ်ရာ မြင်ကွင်းကိုမြင်နေရသည်။

အကြောင်းမှာ ထိုသူရဲ့ ပါးပြင်နှစ်ဖက်တွင် မျက်ရည်ကြည်လေးတွေ ကျဆင်းနေခြင်းကြောင့်..

ဟုတ်တယ်။ သူငိုနေတယ်.. ကျနော်နဲ့ တူတူနေရမယ်ဆိုတာကို အဲ့လောက်တောင်မုန်းသည်ထင်.. ညိုးကျနေတဲ့ထိုသူ့မျက်နှာလေးကို ကြည့်နေရင်း နှစ်သက်စကားပင်ပြောရမယ်ဆိုကာ စကားစရန်အပြင် ရုတ်ချည်းပြုလုပ်လာတဲ့ အပြုအမူကြောင့် ထပ်ဆင့်အံ့သြနေရတယ်။

"နောက်ဆုံးတော့ တွေ့ခဲ့ပြီ.."

ကျနော့်ကို အနောက်မှ တင်းကြပ်စွာဖက်ထားရင်း သူပြောလာသောစကား..
ထပ်ဆင့် မျက်ရည်စတွေနဲ့ ပေကျံနေတဲ့ သူ့မျက်နှာကို ကျနော့်ပုခုံးနဲ့လည်ပင်းအစပ်ကြားတွင် အပ်စေကာ

"Hmmmm... ဒီချိုမြိန်နေတဲ့ အနံ့လေး.. ငါနှစ်ပေါင်းများစွာ စောင့်နေခဲ့ရတာ"

ကျနော့်လည်ပင်းကို နမ်းရှိုက်ပြီး ပြောလာတာကြောင့် ကျနော့်မျက်နှာပင် ရဲသွားလောက်ပေမယ့် ညအမှောင်ထဲမှာမို့ သိသာမည်မဟုတ်။

ဆက်ပြီး ကျနော့်ကို ရင်ခွင်ထဲကထုတ်ပီး ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ သူ့ဘက်ကို လှည့်စေပြီး ဒူးထောက်ချလိုက်သည်။

"တရားဝင်မိတ်ဆက်ပါရစေ.."

ဒူးထောက်လျက် သူ့ရင်ဘတ်ကို လက်နဲ့ဖိကာ..

"ကျနော့်နာမည်က Chanyeol..အသင့်ကို တစ်သက်လုံး အချိန်အကြာကြီးထဲက ရှာနေခဲ့သူပါ..."

Honey BloodWhere stories live. Discover now