Part-7

849 77 2
                                    

ထိုသူက ကျနော့်တံတောင်ဆစ်က အနာကို လျှာနဲ့ လျက်ကာ အနာမှထွက်နေသော သွေးစအချို့ကို နှုတ်ခမ်းနဲ့သိမ်းပြီးစ အသားပါနစ်နေအောင် ခပ်နစ်နစ် စုပ်ယူလိုက်သည်။

ကျနော် နာမှာကြောက်တာကြောင့် နှုတ်ခမ်းတွင် လက်ကို အုပ်ကာ သူလုပ်နေတာတွေကို ထိုင်ကြည့်နေမိတယ်။သူကတော့ သူ့အလုပ်ကိုသူဆက်လုပ်နေပုံရတယ်။

ထူးဆန်းတယ်..သူကျနော့်အနာကို လျက်လိုက်တိုင်း ခံစားချက်ကြီးက ထူးဆန်းတယ်။ရင်ဘတ်ထဲက နှလုံးသားကလည်း ယားကျိကျိနဲ့..
အင်း... နှလုံးသားကပင် ယားကျိကျိဖြစ်နေတာမဟုတ်ပဲ လက်က တခုခုကိုပါ သူက စားနေတာကြောင့် ရုတ်ချည်းလန့်ကာ chanyeol ခေါင်းကို စောင့်တွန်းမိတယ်။

"ဘာ.. ဘာကိုစားနေတာလဲ"

"သွေးပေနေတဲ့ အနာဖေးလေ"

Chanyeol ပါးစပ်ကို ဖြဲကာ လျှာကို ထုတ်ပြပြီး ရှင်းပြနေတာကို baekhyun အရှေ့ကနေ ပျို့ အန်တော့မယ့် မျက်နှာနဲ့ကြည့်နေတာကို ဂရုမစိုက်ပုံနဲ့ အနာဖေးတောင် တဂျွတ်ဂျွတ်မြည်အောင် ဘယ်လိုဝါးနေသည်မသိ။

"အရသာရှိတဲ့ဟာကို သခင်ကလည်း မဲ့ရွဲ့နေတယ်"

အရသာရှိရှိစားပြနေတဲ့ သူရှေ့မှာ ကိုယ်မကြိုက်တဲ့အရာဆိုပြီးလည်း ရွံပြနေလို့မသင့်တော်တဲ့ လူ့ကျင့်ဝတ်ကြောင့် baekhyun မျက်နှာထားကို ပြင်ကာ

"Hahhahaha.. ငါက ငါ့လက်ကိုများ ဝါးစားနေပြီလားလို့"

"စားစရာလား သခင်ရဲ့ ဟားဟား ကျနော်အဲ့လောက်တော့ သိပါတယ်"

လက်ကို ခါးထောက်ကာ လူလိမ္မာလေးပုံစံလုပ်နေ၏။ ခုနက တပြွတ်ပြွတ် လမ်းကို ဝါးစားမတတ် လျက်နေတာ သူမဟုတ်သလိုပင်။ကျနော်လည်း သူ့ကို ကြည့်ရင်း ရယ်နေမိတော့

"ဒါနဲ့ သခင်~သခင်က ဒီလိုလည်း ပြုံးတတ်တာပဲလား"

Chanyeol ဆီကနေ အဲ့စကားကြားလိုက်တာကြောင့် ကျနော်အရယ်ရပ်ပြီး ကျနော့် ရှုပ်ပွနေတဲ့ ဆံပင်တွေကြားက သူ့ကို ကြည့်မိတယ်

"လှတယ် သခင်ကအရမ်းလှတယ်~ ကျနော် ကြွေမိတော့မလို့~♥"

တကယ်ပြောနေတာလည်းမဟုတ်ပဲနဲ့.. ဒီလိုစကားမျိုးကို လွယ်လွယ်ပြောတတ်သူပဲ...

Honey BloodWhere stories live. Discover now