Part-4

890 89 1
                                    

"ကဲ..အဲ့တာဆို ကျနော်တို့ဒိတ်တိုင်းကစားကြမလား"

Sehun ဘေးက သူငယ်ချင်းကောင်ပေါ် လက်တင်ပြီး Seokjin တို့ကို လှမ်းမေးလိုက်သည်။

"ဘာ.. မင်းတို့ကို စောင် ရှစ်တန်းလေးတွေနဲ့ တူတူမဆော့နိုင်ပါဘူး"

"ဘာလို့လဲ အကိုတို့ကလည်း ဘယ်သူပြောပြော ကျနော်တို့က အသက် နှစ်ဆယ်ဆို ယုံပါတယ်။"

Sehun သူငယ်ချင်းကောင်ရဲ့ ပါးနှစ်ဖက်ကို ဆွဲစိပြီး ပါးစပ်ပိတ်သလိုလုပ်ထားလိုက်တယ်။

"မင်းတို့ အမေနို့သာ စို့ပြီးလာခဲ့။ ဒင်းတို့ကများ ဒိတ်မယ်လေး ဘာလေး"

Seokjin sehun ကိုကြည့်ပြီး

"ပြီးတော့ မင်းတို့က ငါးယောက်၊ ငါတို့က လေးယောက် လူလည်းမညီဘူး"

Sehun နောက်လှည့်ကာ Baekhyun ကိုရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး

"ဘာတွေပြောနေတာလဲ?? Baekhyun hyung ပါပါမယ်ဆို 5ယောက် 5ယောက် ကွက်တိပဲလေ"

"မကောင်းဆိုးဝါး!?!?"

Seokjin ဘေးက ကျောင်းသားနှစ်ယောက်က ထပြောသည်။

'အာ..စိတ်တိုလိုက်တာ အခုမကောင်းဆိုးဝါးကောင်ကို ငါတို့နဲ့ တန်းတူထင်နေတာလား'

Seokjin စိတ်ထဲကနေတွေးမိသည်။

"Sehunniee သိတဲ့ အကိုတွေ တော်တော်များတာပဲ"

"အဲ့တာကြောင့် မင်းတို့ကို ဘုရားကျောင်းတက်လို့ပြောတာပေါ့"

Sehun ကိုပြောလာတဲ့ ကျောင်းသားလေးရဲ့ပုခုံးကို ကိုင်ကာ ဆရာကြီးအထာနဲ့ sehun လှမ်းစလိုက်တယ်။

ထို့နောက် Baekhyun ဘက်ကို လှည့်ကာ
လက်မထောင်ပြပြီး..

"Baekhyunnie hyung လည်း ဘုရားကျောင်းပြန်လာလည်လေ.. ငါ အကောင်းဆုံး service ပေးပြီး စောင့်ရှောက်ပေးမယ်"

ဒီကောင်လေးကတော့ ဘာလို့ ဒီလောက်တက်ကြွနေပါလိမ့်။ စိတ်ဆင်းရဲတယ်။ ငါ့ဘာသာတယောက်တည်းနေပါ့မယ်

"မကောင်းမှုတွေပဲ လုပ်နေရတဲ့ နတ်ဝင်သည်ရဲ့ သားက ဘာကိစ္စ ဘုရားကျောင်းတက်တာလဲ..ကျက်သရေတုန်းအောင်"

Honey BloodDonde viven las historias. Descúbrelo ahora