မဲမှောင်နေသော အဆောက်အအုံဟောင်းကြီးတစ်ခု တစ်နည်းအားဖြင့် ဘုရားကျောင်းအဟောင်းကြီးက ကြောက်စရာကောင်းလောက်အောင် Baekhyun တို့အုပ်စုရှေ့မှာရှိနေတယ်။
"..ဝါ.. ဒီနေရာက တော်တော်ကြောက်စရာကောင်းတာပဲ.."
အုပ်စုထဲမှ ကျောင်းသား တစ်ယောက်က ထပြောတယ်။
"အာ.. သရဲလိုမျိုးတွေ ထွက်လာတော့မယ်ထင်တယ်။"
"ငါတို့ ဒီတိုင်း အဆောင်ကို ပြန်ရအောင်ကွာ"
လန့်နေကြတဲ့ကျောင်းသားတွေကို Seokjin လှည့်ပြောလိုက်တယ်။
"ဘာတွေစိတ်ပူနေတာလဲ..Byun Baekhyun
အဲ့ကောင် က နတ်ဝင်သည်ရဲ့ သားပဲဟာ"Baekhyun ကို ချုပ်ထားတဲ့ ကျောင်းသားနှစ်ယောက်ကြောင့် Baekhyun ကြောက်ပေမယ့် ထွက်ပြေးခွင့်မရခဲ့ပါ။
ဟုတ်တယ်။ ငါ့အမေက နတ်ဝင်သည်ပဲ။ ငါ့နာမည် မကောင်းဆိုးဝါးကလည်း အဲ့အကြောင်းကြောင့် အပေးခံရတာပဲ။
ဒါပေမယ့် နတ်ဝင်သည်က ငါ့အမေလေ။
ငါမှမဟုတ်တာ..........ငါလည်း သေအောင်ကြောက်တယ်လို့...
ကျောင်းသားအုပ်စုကြီးက ဘုရားကျောင်းပျက်ကြီး အတွင်းထဲကို ရောက်လာလေလေ Baekhyun ကိုရှေ့ဆုံးကနေ တွန်းထိုးပြီး သူတို့ကနောက်ကနေ ကာကွယ်ကာ ပါးစပ်တွေကလည်း
"...အ.အ.အားးး.. "
"Yah ငါ့ကို မတွန်းနဲ့.."
ငါ့ကိုလည်း မတွန်းကြနဲ့..
"အမ်.. မှောင်တာကလွဲလို့ ဘာမှလည်းမဖစ်ဘူးပဲ.. ဟင်းဟင်း.ငကြောက်တွေ"
Baekhyun အနောက်မှာ လဲခိုရင်း Seokjin ပြောလိုက်သည်။
မာထန်ခြင်ယောင်ဆောင်မနေနဲ့ Seokjin ah
မင်းအသံတွေတောင် တုန်နေတာကို..hahahaဒုန်း!???
"အားးး..ဘာလဲ ဘာလဲ"
တအုပ်စုလုံးရှုးရှုးရှဲရှဲဖစ်ကုန်ပြီး အသံလာရာကို ကြည့်ကြသည်။
"ခလေးတို့.."
"အား..fuck.. သေးထွက်ကျတော့မယ်ထင်တယ်''
"ဟိုဘက်ကနေ လာတဲ့အသံဟ"
ကျနော်တို့ အသံလာရာ အခန်းဘက်ကို ကြည့်မိကြတယ်။ အခန်းငယ်တခုထဲတွင် ဘီရိုကလွဲလို့ ဘာမှမရှိသော အခန်းငယ်လေးပင်။ ထိုအခန်းလေးထဲက ဘီရိုကြောင့် baekhyun ဘဝတခုလုံးပြောင်းလဲလာမယ်လို့တော့ သူသတိမထားမိခဲ့ပါ။

YOU ARE READING
Honey Blood
Vampire"မင်းဆီက တကယ်အရသာရှိတဲ့ အနံ့လေးကိုမွှေးနေတာပဲ တစ်ကိုက်လောက် ကိုက်လို့ရမလား" အာ.. ငါက သရဲတွေမြင်ရတဲ့ နတ်ဝင်သည်ရဲ့သားပဲ အဲ့ဒီအချက်ကြောင့် အားလုံးရဲ့ ပစ်ပြယ်ခြင်းကိုခံထားရတယ်။ တစ်ရက် ကျောင်းလေ့လာရေးသွားရင်း နှိပ်စက်တဲ့ ကျောင်းသားတချို့က ငါ့ကို နှိပ်စက်ြ...