Part-10

640 64 3
                                    

ရင်ခွင်ထဲမှာ တသိမ့်သိမ့်ငိုနေတဲ့ Baekhyun ကို chanyeol ထွေးပွေ့ထားတယ်..

တစ်အောင့်လောက်ကြာတော့ ထိုကောင်ငယ်လေး မောနေပြီအထင် ငိုနေတဲ့အသံလည်း ရပ်သွားတာ Chanyeol သိလိုက်တယ်။

အငိုရပ်သွားတဲ့ကောင်လေးက ရင်ခွင်ထဲကနေလည်း ထွက်သွားကာ..

"ငိုလို့ ဝပြီလား..?"

Chanyeol ငုံ့မေးလိုက်တော့ သူ့ရင်ဘတ်နဲ့ ထိုကောင်လေး နှာခေါင်းနဲ့ တန်းထားတဲ့ နှာချီးကြိုလေးပါ တန်းလို့...

"ကဲအခု အဖြူရောင်ကြီးပါ တန်းနေပြီ.."

Chanyeol နောက်လိုက်တာနဲ့အတူ တစ်ရှုးနဲ့ သူ့နှာခေါင်းကို ညှစ်နေတဲ့ပုံစံလေးနဲ့ ပြန်ပြီး ထူထူထောင်ထောင်ဖြစ်လာပုံလေးကို တွေ့ရတယ်

Chanyeol baekhyun ပုခုံးလေးတစ်ဖက်ကို ဖွဖွလေးကိုင်လိုက်ကာ..

"ဘာ အိပ်မက်များမက်ခဲ့လို့လဲ"

"ဒီအတိုင်း... အရင်တုန်းကဖြစ်ခဲ့တဲ့ အရာတွေ.."

Baekhyun ဖြေပြီးပြီးချင်း chanyeol ရှေ့ကိုတိုးလာကာ.. Baekhyun မျက်ရည်စီးကြောင်းလေးတွေ ကြောင့် စိုနေတဲ့ ပါးလေးကို ခပ်နစ်နစ်လေး နမ်းလိုက်တာကြောင့် baekhyun မျက်လုံးလေးတွေက အလိုလိုပိတ်လျက်...

"တံတောင်ဆစ်မှာဖြစ်တဲ့ အနာလိုမျိုး သခင့်ရင်ဘတ်ထဲမှာ ရှိတဲ့ အနာကိုလည်း ကုပေးလို့ရရင် ကောင်းမှာ..."

Baekhyun က တော့ အလန့်တကြား ပါးကိုကိုင်ကာ ကြောင့်ကြည့်နေပြီး လန့်သွားတာကြောင့် အိပ်ချင်ပါ ပြေသွားပုံ...

Chan က အမြဲ နားထောင်လို့စကားလေးတွေပဲပြောတတ်တာပဲ..
ကြောင်ပြီး လန့်သွားသလို ရင်လည်းခုန်သွားတာကြောင့် မျက်နှာကို အမြန်ပြင်လိုက်ပြီး..

"Chan~ မင်းက ဘာလို့ ငါ့အပေါ်အမြဲကောင်းရတာလဲ?"

"အဲ့တာက...."

မေးခွန်းမေးပြီးတာနဲ့ အဖြေပြန်ပေးလာတဲ့ Chan မျက်နှာကို ကြည့်ရတာနဲ့ တင် ရင်ခုန်နေပါပြီ..

"သခင့်ကို ကျနော် လိုအပ်တယ်လေ~"

Baekhyun သူကိုယ်တိုင်တောင် မသိခင်ပဲ Chanyeol ရင်ဘက်ကို သူ့လက်သွယ်သွယ်လှလှလေးတွေနဲ့ တွန်းထားကာ...

Honey BloodWhere stories live. Discover now