Part-11

968 69 2
                                    

*Note- Sky ရဲ့ ဒီ Honey blood က ပုံမှန် Fic တွေလိုမျိုး ရိုလိုက် ငိုလိုက် Fic လေးလည်းဟုတ်ပေမယ့် Vampire နဲ့ mystery ပါဆန်တဲ့အတွက် ယုတ္တိမဆန်နဲ့ အကြောင်းအရာလေးတွေလည်း ပါဝင်ကောင်းပါဝင်မှာမို့လို့ သည်းခံပေးစေလိုပါတယ်နော်..
ကဲ အဲ့တာဆို စလိုက်ရအောင်~♥

~~~~~~~~~~~~~~~~~~~~~~~~~
မှောင်မိုက်ပြီး သစ်ပင်အကြီးကြီးတွေသာ ထူထပ်နေတဲ့ တောအတွင်းတစ်နေရာမှာ နတ်ဝင်သည်အမျိုးသမီးတစ်ယောက်က နတ်ဝင်သည်အဝတ်အစားကို ဝတ်စုံပြည့်ဝတ်ထားပြီး နတ်မင်းတွေကို ပူဇော်ပသနေတယ်။

"ဘာမှအကျိုးမထူးပါဘူးဆိုတာ နားထောင်ပါ..
ရောက်လာမယ့်အချိန်ကို နောက်ဆုတ်ယုံပဲရှိမယ် ကံကို တားဆီးလို့မရဘူး ရောက်လာမှာပဲ.."

So ကိုရင်လေးမှ ထိုအမျိုးသမီးကိုပြောလိုက်သည်။

"ခင်များလည်းသိတယ်မလား"

So ကိုယ်ရင်လေးရဲ့စကားအဆုံး ထိုအမျိုးသမီးရဲ့ မျက်လုံးတို့ပွင့်လာကာ လက်အုပ်ကို သေချာပြန်ချည်ပြီး..

"တောတောင်စောင့်နတ်မင်းကြီးတို့.. ကျမသားငယ်လေးကို ဒီလို ကံကြမ္မာအရရောက်လာပြီး ရှုပ်ထွေးစေမယ့် ပြဿ     နာတွေမလိုချင်ပါဘူးရှင်.."

"အေးပေါ့လေ.. ခင်များ နတ်ဝင်သည်မဖြစ်ချင်ဘူးဆိုပြီး အရာအားလုံးကို ဒုက္ခရောက်စွာကျော်ဖြတ်လာခဲ့ရတာ..မိသားစုလည်းဆုံးရှုံး၊ ကိုယ့်ကျန်းမာရေးလည်း ဆုတ်ယုတ်တဲ့ထိဖြစ်လာတာ..နောက်ဆုံးတော့လည်း နတ်ဝင်သည်ဘဝက ရုန်းမထွက်နိုင်ခဲ့ဘူးလေ.."

ထိုအမျိုးသမီးကတော့ ဆုတောင်းလျက်ပင်..

"ဒီလိုမျိုး ဘုရားသခင်သတ်မှတ်ပေးတာကို အမြဲငြင်းပယ်နေရင် ခများသား ဒုက္ခရောက်သွားနိုင်တယ်နော်"

"ဘာပဲဖစ်ဖစ် အဲ့လိုအဖြစ်မခံနိုင်ပါဘူး.."

"ဟူး..ခေါင်းကလည်းမာလိုက်တာမှ.. ဒါနဲ့ ဘယ်သူမို့လို့ ဒီလောက်ဖြစ်နေတာလဲ.
ခင်များသားရဲ့ ဝိဥာဉ်တော်က?"

အတန်ကြာတိတ်ဆိတ်သွားခြင်းနှင့်အတူ ခဏအကြာ အမျိုးသမီးဆီမှ အသံသေးသေးလေးကိုသာပြန်ရလိုက်သည်။

Honey BloodWhere stories live. Discover now