ဟိုတနေ့က ဘီဒိုထဲက ထွက်ကျလာတဲ့ လူထူးလူဆန်းကို ကြည့်ပြီး Baekhyun ကြောင်နေတယ်။
ထိုလူကတော့ တည်တည်တံ့တံ့ နှင့် ဝရန်ဒါဘောင်ပေါ်တွင် ခြေနှစ်ချောင်းထောက်ထိုင်လျက် ကျနော့်ကို ခပ်တည်တည်ပဲကြည့်နေတယ်။
အထဲက Seokjin တို့ အုပ်စုလည်း ကြောက်တယ်ထင်ပါသည်။စုရပ်နေကြတယ်။..
"Hmmm~~ သူတို့ဆီက ပစ်ခံလိုက်ရပြီထင်တယ်..."
Baekhyun ကိုကြည့်ပြီး ထိုသူပြောနေတယ်။
Baekhyun လည်း ပစ်ထားရတာ မဟုတ်သလို မမှားတာလည်း မဟုတ်သဖြင့် ခေါင်းသာငုံ့ထားပြီး ငိုတော့မယ့်ပုံစံနဲ့..."အဲ့တာဆို..."
ထိုလူထူးဆန်းက ဝရန်ဒါကနေ ဆင်းကာလာ baekhyun အရှေ့ကို ရပ်ပြီး..
"ငါခေါ်သွားလို့ရပြီပေါ့..."
Baekhyun ကိုစွေ့ကနဲ ချီလိုက်သည်။ baek လည်း ကြောက်လန့်ဖို့ပင် အချိန်မရလိုက်ပဲ ထိုသူ၏ ရင်ဘတ်ကို ကိုင်ထားမိသည်။
"ကဲ"
ဝရန်ဒါဘောင်ပေါ် တက်ရပ်လိုက်ပြီး..
"သွားလိုက်ကြရအောင်"
လေဟာနယ်ထဲသို့ ခုန်ဝင်လိုက်တဲ့ ထိုသူ၏ အပြုအမူကြောင့်..
အင်??.... အား.......ား.......ား..
မင်းသားလာတာမဟုတ်ပဲ သေမင်းလာခေါ်သွားတာကိုး..Baekhyun စိတ်ထဲဝယ် ရူးချင်သလိုလိုပင်ဖစ်နေလေပြီ.. အရှင်လတ်လတ် သေမင်းခေါ်သွားတာ ခံရသည့်ခံစားချက်ကြောင့်..
"ဆန်းကြယ်လိုက်တာ.. အော်တဲ့အသံသေးသေးလေးတောင် မထွက်ပါလား"
Baekhyun မျက်လုံးအစုံကို မှိတ်ပြီး စိတ်ထဲတွင်တော့ တလောကလုံး ကြားအောင်အော်နေတာကို ထိုသေမင်းမသိပေ..
"အဲ့လိုကြီး မနေနေပါနဲ့..မျက်လုံးဖွင့်ကြည့်ပါ"
ဘယ်လိုဖစ်သွားပြီလဲဟင်..ငရဲရောက်သွားပြီလား..
Baekhyun ကြောက်အားလန့်အားနဲ့ မျက်လုံးဖွင့်ကြည့်မိတော့ မိမိကို ချီထားတဲ့ ကြီးမားကျယ်ပြန့်တဲ့ ရင်အုပ်ကြီးရယ် အတောင်ပံနက်နက်ကြီးရယ် ဆံပင် နီညိုရောင်နဲ့ ရှေးနည်းနည်းကျမယ့် အဝတ်အစားတွေကို ဝတ်ထားသူ ထိုသေမင်းနှင့် တခါမှ မမြင်ဖူးတဲ့ မြို့ငယ်လေးကို အပေါ်စီးကနေ မီးလင်းရောင်များ တောက်ပစွာ တွေ့မြင်နေရသည်။

VOUS LISEZ
Honey Blood
Vampire"မင်းဆီက တကယ်အရသာရှိတဲ့ အနံ့လေးကိုမွှေးနေတာပဲ တစ်ကိုက်လောက် ကိုက်လို့ရမလား" အာ.. ငါက သရဲတွေမြင်ရတဲ့ နတ်ဝင်သည်ရဲ့သားပဲ အဲ့ဒီအချက်ကြောင့် အားလုံးရဲ့ ပစ်ပြယ်ခြင်းကိုခံထားရတယ်။ တစ်ရက် ကျောင်းလေ့လာရေးသွားရင်း နှိပ်စက်တဲ့ ကျောင်းသားတချို့က ငါ့ကို နှိပ်စက်ြ...