ကျောင်းဖွင့်ရက်ဖြစ်သော်လည်း စောင်ပုံထဲတွင် ခွေအိပ်နေကာ ကျောင်းမသွားသော သခင်တစ်ယောက် ကြောင့် chanyeol စိတ်ပူရသည်။
"သခင်~"
နူးနူးညံ့ညံ့လေး လှုပ်နှိုးလိုက်တာတောင် မျက်လုံးဖွင့်မလာဘဲ တအင်းအင်းနဲ့ အပျဉ်းဆန့်နေသော သခင်ကို..
"ဒီနေ့ကျောင်းမသွားဖူးလား.. နေမကောင်းလို့လား"
"ဟုတ်ဖူး.. မသွားချင်တာ.."
"သခင် တခုခုဖြစ်လို့လား"
Chanyeol စိတ်မအေးစွာမေးမိသည်။
"ဟုတ်ပါဖူးဆို.. ဘာလဲ အိမ်မှာနေချင်တာတောင် မနေရဘူးလား"
ကျနော့်ကို ခေါင်းအုံးနဲ့ရိုက်ပြီးပြောလာတဲ့ သခင်ကြောင့် သခင်စိတ်ညစ်စရာတစ်ခုခုရှိနေပါလားဟုပင် တွေးကာ..
"အင်းပါ သခင်ရဲ့..အဲ့တာဆိုလည်း ပြီးရော.. ကျနော်က သခင်ကျောင်းမသွားတော့ ပိုတောင်ကြိုက်သေး.."
Chanyeol ကုတင်မှ ကုတင်ဘေးရှိ စားပွဲသို့ထသွားကာ ထိုစားပွဲနေရာမှာ နေရောင်ခြည်ဖျော့ဖျော့ထိုးနေသည့်အတွက်ကြောင့် လိုက်ကာကို ဆွဲလိုက်တယ်။ ပြီးတော့ Laptop ကိုဖွင့်ကာ..
"အင်း.. ရုပ်ရှင်လေးဘာလေး ကြည့်ရအောင်"
Laptop ဖွင့်ကာ ရုပ်ရှင်ရှာရင်း အလုပ်ရှုပ်နေသည့် chanyeol အနားကို baekhyun အိပ်မှုန်စုံဖွားဖြင့် ထသွားကာ
"ကွန်ပြူ တာလည်း သုံးတတ်တာလား"
"ဒါပေါ့ IT ပညာတမူထူးတဲ့ တောင်ကိုရီးယားမှာနေလာတာပဲ နှစ်ပေါင်း 150ကျော်နေပြီ.."
"ဟမ်..ဒီမှာနေတာ နှစ်ပေါင်း 150 ဆိုတော့ chanyeol က တခြားနေရာက လာတာလား"
အနားသို့ထပ်တိုးကာ မျက်နှာနားကပ်လာသော baekhyun ကို လက်ဖြင့်တားလိုက်ကာ..
"အနားကို အရမ်း ကပ် မလာနဲ့"
"?"
"ငါ...မထိန်းနိုင်ပဲနေလိမ့်မယ်"
Chanyeol အနားမှာရပ်နေတဲ့ baekhyun ကို အိပ်ရာဆီသို့ ပြန်ဆွဲပို့ကာ..
"ဒီနေ့တော့ ဒီမှာပဲနေလိုက်.. သခင့်အတွက် စားစရာလုပ်လာပေးမယ်။"
YOU ARE READING
Honey Blood
Vampire"မင်းဆီက တကယ်အရသာရှိတဲ့ အနံ့လေးကိုမွှေးနေတာပဲ တစ်ကိုက်လောက် ကိုက်လို့ရမလား" အာ.. ငါက သရဲတွေမြင်ရတဲ့ နတ်ဝင်သည်ရဲ့သားပဲ အဲ့ဒီအချက်ကြောင့် အားလုံးရဲ့ ပစ်ပြယ်ခြင်းကိုခံထားရတယ်။ တစ်ရက် ကျောင်းလေ့လာရေးသွားရင်း နှိပ်စက်တဲ့ ကျောင်းသားတချို့က ငါ့ကို နှိပ်စက်ြ...