Part-9

654 69 0
                                    

မူလတန်းကျောင်းရဲ့ ဒုတိယနှစ်တစ်ဝက်လောက်မှ ကျောင်းကို ပြောင်းလာတဲ့ Song Seokjin
အမေရိကားမှ ပြောင်းလာပြီး ဖခင်မှလည်း ကျော်ကြားသော မြို့တော်ဝန်ဖြစ်သည့်အပြင် ချမ်းသာသည့်အတွက်
Seokjin အတွက်က သူငယ်ချင်းမရှားခဲ့ပါ...

ဒီလိုနဲ့ ကျောင်းနှင့်အသားကျခဲ့သည်။ တစ်ရက် ဆရာမ မှ အုပ်စုဖွဲ့လုပ်ရန် အိမ်စာပေးသည့်အခါ အတန်းဒေါင့်တနေရာမှာ အဖော်မရှိသော ခလေးတစ်ယောက်ကို အဖွဲ့ထဲထည့်ပေးရန် တောင်းဆိုခဲ့သည်။

ကျန် အဖွဲ့ဝင်သူငယ်ချင်းတွေဆီမှ ထိုခလေးက တစ်ကျောင်းလုံးရဲ့ အပယ်ခံဖြစ်နေသည့်အပြင် နတ်ဝင်သည်သားဖြစ်သည့်အတွက် အနားကပ်နေရင် သရဲအပူးခံနိုင်ရကြောင်း တားဆီးခဲ့သော်လည်း seokjin မှ သရဲဆိုတာမရှိကြောင်းနှင့် သနားကြောင်းပါ ပြောပေးခဲ့တယ်။

အစပိုင်းတွင်တော့ သနားစရာကောင်းတဲ့သူတွေ့ရင် ကူညီရမယ်ဆိုတဲ့ လူကြီးတွေရဲ့ ဆုံးမစကားကြောင့် ဖြူစင်သော စိတ်ဖြင့် ကူညီခဲ့သော
"ကြင်နာသော ခလေး"ဖြစ်ခဲ့ပါတယ်။

မူလတန်းမပြီးခင်အချိန်ထိ Baekhyun သည် seokjin တစ်ယောက်ထဲကိုပဲ စကားပြောခဲ့ပြီး ကျန်တဲ့ခလေးတွေ က ဖယ်ကျဉ်နေတာကြောင့် Seokjin က ဆရာဆရာမတွေကြားထဲလည်း ကြင်နာတတ်သော သဘောထားပြည့်ဝသော ခလေးဖြစ်ခဲ့တယ်။

ထို Title ကိုရခဲ့တာကြောင့်လည်း baekhyun ကို ပစ်မထားနိုင်တော့တာလည်း ပါပါလိမ့်မည်။
သူ့ သည်းခံနိုင်စွမ်းမကုန်နိုင်ခံအထိပေါ့...

တရက် Baekhyun တယောက် ကျောင်းဝန်းထဲမှာ ထိုင်နေတဲ့ Seokjin ဆီသွားကာ လာမယ့်တနင်္လာနေ့က မွေးနေ့ဖြစ်ကြောင်း လာပြောသည်။

Seokjin လည်း လိုတာထက်ပိုမဆက်ဆံချင်တာကြောင့် ဘုရားကျောင်းသွားရန်ရှိသည်ဟု ငြင်းကာ လှည့်ထွက်သွားသော baekhyun ကို တူတူသွားချင်လားဟု အခွင့်အရေးပေးခဲ့မိသည်။

ဘုရားကျောင်းသွားသည့်နေ့တွင် ရှုပ်ပွနေသော ဆံပင်ဖြင့်လာသည့် baekhyun ကို ရှေ့ဆံပင်များပင် သပ်သပ်ရပ်ရပ်လုပ်ပေးကာ ကျောင်းတွင်းသို့ တူတူဝင်လာခဲ့သည်။..

"အော်? ပထမဆုံးမြင်ဖူးတဲ့ ခလေးပဲ..နာမည်လေးက ဘယ်လိုခေါ်လဲ?"

Honey BloodWhere stories live. Discover now