နောက်တစ်နေ့
လေ့ကျင့်ရေးကျောင်းသားများ ရုက္ခဗေဒဥယာဉ်ထဲတွင် ကွင်းဆင်းလေ့လာနေကြသည်။
"ကဲ ဒီဥယျာဉ်ထဲမှာ မင်းတို့ အားလပ်ချိန်ကို အသုံးချနိုင်တယ်။ ဥယျာဉ်ကို လေ့လာပြီး ညနေ ခြောက်နာရီကျရင် ဒီနေရာမှာ ပြန်တွေ့ကြမယ်"
"ရေး..."
ဆရာက မှာစရာမှာပြီး သူ့တခြားတာဝန်ရှိရာသို့ထွက်သွားသည်။ ကျောင်းသားတွေ အုပ်စုလည်း တစ်အုပ်စု တနေရာဆီသလို အသီးသီးထွက်သွားကြကာ ဥယျာဉ်ထဲကျနော်ရပ်နေသောနေရာတွင် လူမရှိသလောက်ဖြစ်နေပြီ။
ကျနော့်အရှေ့တွင်တော့ ထုံးစံအတိုင်း ကျနော့်ကိုမုန်းသူများ ဖန်ကလပ်အဖွဲ့က မတ်တပ်ရပ်ပြီး မွှေဖို့စဉ်းစားနေကြပုံ..
"Yah.. ဒီညကော ဘယ်လိုပျော်စရာလေးတွေ ရှာကြမလဲ"
"အာ.. ဒီညက နောက်ဆုံးညပဲ.. တစ်ညထပ်နေပြီးမှ သွားလို့မရဘူးလားမသိဘူး"
"ဘာပဲဖစ်ဖစ် ဒီညက နောက်ဆုံးညဆိုတော့ သောင်းကြမ်းကြစို့"
ဟူး.. အခု ဒီတစ်ရက်ပဲ သည်းခံရင် လွတ်ပြီ။
ဒါနဲ့ မနေ့ညတည်းက ပေါ်လာတဲ့ ဒီကြိုးလေးက ဘာပါလိမ့်??
Baekhyun တံတောင်ဆစ်ရှိ ပလာစတာများပေါ်တွင် သွယ်တန်းနေသော အနီရောင် ကြိုးမျှင်လေးတစ်တန်းကို ငုံ့ကြည့်ရင်း တွေးမိတယ်။ဒီကြိုးက လူတွေ အရာဝတ္ထုတွေကိုလည်း ဖြတ်သန်းလို့ရပြီး ကြိုးဆုံးတဲ့နေရာမှာ ဘာရှိမှန်းလည်း မသိရဘူး။
အဲ့တာထက် တခြားသူတွေရဲ့ မျက်လုံးထဲမမြင်တာကပိုထူးဆန်းနေတယ်။ ဒါနဲ့ ဆွဲနှုတ်လို့လည်းမရဘူး
"အင့် အား.."
Baekhyunအနေဖြင့် ကြိုးကို ဆွဲနှုတ်နေပေမယ့်လည်း တခြားသူများရဲ့ မျက်လုံးထဲမှာ မမြင်ရတာကြောင့် ပုံစံက ကို့ရို့ကားယားအတော်ပင် နိုင်လှသည်။
"ဟဲ့ အဲ့ကောင်လေး ဘာဖစ်နေတာလဲ"
"တကယ် သရဲမြင်နေရပီး ရန်ဖစ်နေတာလား ငါကြောက်တယ်"
"သူက နတ်ဝင်သည်သားမလား"
Baekhyun ခြေထောက်လေးကို ယမ်းနေရင်း နောက်မှ ဇတ်ပိုးကို ရိုက်ချလာတာကြောင့် ကြည့်မိတော့

YOU ARE READING
Honey Blood
Vampire"မင်းဆီက တကယ်အရသာရှိတဲ့ အနံ့လေးကိုမွှေးနေတာပဲ တစ်ကိုက်လောက် ကိုက်လို့ရမလား" အာ.. ငါက သရဲတွေမြင်ရတဲ့ နတ်ဝင်သည်ရဲ့သားပဲ အဲ့ဒီအချက်ကြောင့် အားလုံးရဲ့ ပစ်ပြယ်ခြင်းကိုခံထားရတယ်။ တစ်ရက် ကျောင်းလေ့လာရေးသွားရင်း နှိပ်စက်တဲ့ ကျောင်းသားတချို့က ငါ့ကို နှိပ်စက်ြ...