်ပန်းပင်လေးတွေကိုနေရာအနှံ့စိုက်ပျိုးထားတဲ့ ခြံဝန်းလေးတစ်ခုရှေ့သို့ မိသားစု(၃)ယောက်စုပြီးစီးလာသော ဆိုင်ကယ်လေးရောက်ရှိခဲ့စဉ်
"တီတီ တီတီ"
ပန်းလေးတွေကို တစ်ယုတယနဲ့ရေဖြန်းပေးနေတဲ့ ဆံပင်ခါးလောက်လေးကိုစုစည်းထားသောကောင်မလေးတစ်ယောက်က
"ဟော....မေမေရေ တီဆုတို့ရောက်လာပြီ"
အုတ်ကျိုးရောင်သုတ်ထားသော တိုက်အိမ်လေးတစ်ခုအတွင်းမှ
"ဟယ်ဆုတို့ လာကြကုန်ပြီ. . .လာလာ. .ဆုရေ အိမ်ထဲဝင်ခဲ့နော်"
ဆိုင်ကယ်ကိုစက်သတ်ပြီးသော့ခတ်နေရင်းဖေဖေက
"သား. . . .ဇွဲရေ သွားသွား. .မေမေနဲ့အရင်၀င်နှင့်. . .ဖေကြီးဆိုင်ကယ်ထားပြီးလာခဲ့မယ်"
ဆိုင်ကယ်ပေါ်မှဆင်းဆင်းချင်းမေကြီးလက်ကိုတောင်မတွဲတော့ပဲ အိမ်ထဲကိုပြေးဝင်လာသောကျွန်တော့ကို အန်တီ ၀ိုင်းသမီး မဖြိုးက
"အို. . .ဖြေးဖြေးလာပါ ဇွဲလေးရယ်ခရီးသွားခါနီးချော်လဲနေမှဖြင့်. . ."
"ဟီးဟီး. . . ဘာမှမဖြစ်ပါဘူး မဖြိုးရ ကျွန်တော်ကိုယ့်ခန္ဓာကိုယ်ထိန်းနိုင်ပါပြီဗျ"
ပြောရင်းဆိုရင်း မဖြိုးကိုပြေးဖက်လိုက်တာ ကျွန်တော့ခေါင်းက မဖြိုးပုခုံးကိုမှီနေပြီ ကျွန်တော့ကအခုမှ ၆ တန်းကျောင်းသားလေးတစ်ယောက်။ကျွန်တော့နောက်မှ တစ်လှမ်းချင်းလျှောက်လာသောမေမေက
"မ၀ိုင်းရေ ဆု တို့နောက်များကျနေပြီလားဟင်..? လိုအပ်တာတွေက်ိုထည့်နေတာတော်တော်များသွားတယ်."
"နောက်မကျပါဘူး ဆု ရယ်အေးဆေးပေါ့. . မမတို့ကသာအဆင်သင့်ဖြစ်နေတာ သားလေးကခုထိပြန်မလာသေးဘူးကွဲ့"
"မေမေ သားမုန့်စားချင်တယ်"
"Aww သားကအခုစားမို့လား ကားပေါ်ရောက်မှစားလေတော်ကြာအန်နေဦးမယ်"
YOU ARE READING
ကျွန်တော့ချစ်သူ လူဆိုးလေး
RomanceAbout story အရင်တုန်းက ficတွေမရေးဖူးပါဘူး အခုကပထမဆုံးရေးဖြစ်တဲ့bl ficလေးပါ။ pure bl ficတော့မဟုတ်ပေမဲ့ 18+တွေတော့မပါ ပါဘူး။ အခုမှစရေးတာမို့ လိုအပ်တာတွေရှိရင်လည်း နားလည်ပေးကြပါ။