အပိုင်း(၁၁)

442 11 0
                                    

ကိုပြည့်​ရင်​ခွင်​ထဲတွင်​ ခဏ​နေပြီး ရင်​​ငွေ့​နွေး​နွေး​လေးနဲ့ နူးညံ​သောအ​တွေ့အထိများက ကျွန်​​တော့်​ကိုအားအင်​​တွေ အဖြစ်​ဖန်​ဆင်း​ပေး​နေသလိုပါပဲ။ပျော်​ရွှင်​မှု​တွေကိုရဖို့အတွက်​ တစ်​ခါတစ်​ရံမှာ ဝမ်းနည်းခြင်းမျက်​ရည်​​တွေနဲ့​ပေးဆပ်​ကြ ရတယ်​တဲ့။ ကိုပြည့်​နဲ့အတူတူ​နေနိုင်​ဖို့အတွက်​ဆိုရင်​ ကျွန်​​တော့်​မျက်​ရည်​​တွေ ဘယ်​​လောက်​ပဲကျဆင်းရပါ​စေ. . .​ပေးဆပ်​ဖို့ဝန်​မ​လေးတတ်​​တော့ဘူး။

"ကိုပြည့်​. .ပြန်​​တော့​လေ ​နောက်​ကျ​နေ​တော့မယ်​"

"အွန်း. .ဇွဲသာ​နေ​ကောင်း​အောင်​​နေ​နော်​။တီဆုကိုလည်း ​သေချာပြုစုလိုက်​ပါ။ကိုယ်​မနက်​ဖြန်​ထပ်​လာခဲ့ပါ့မယ်​။"

"အွန်းပါ. .​သေချာပြန်​​နော်​။မေ​မေက ကျွန်​​တော့်​ကို ချစ်​ပါတယ်​။ဒါ​ကြောင့်​မို့ အခုကိစ္စကိုလည်း လက်​ခံမှာပါ။ကျွန်​​တော့်​ကိုလည်း မစိုးရိမ်​နဲ့​နော်​။ကျွန်​​တော်​ ကိုပြည့်​နဲ့သာဆို ဘာကိစ္စ​တွေပဲရှိရှိရင်​ဆိုင်​ဖို့ အသင့်​ပဲ​နော်​"

"အွန်း. .ကိုယ်​လည်း ဇွဲ ​လေးအတွက်​သာဆို ဘာပဲလုပ်​ရ လုပ်​ရ။ဘယ်​လိုအတားဆီး​တွေမဆို ဖြတ်​​ကျော်​ဖို့အသင့်​ပဲ. အရမ်းချစ်​တယ်​ကွာ ဇွဲ ​လေးရာ"

"အွန်း. .ကျွန်​​တော်​လည်း ချစ်​ပါတယ်​"

ကိုပြည့်​ရဲ့ကားခြံထဲကထွက်​ခွာသွားတဲ့ ခဏထိ​တောင်​ ကျွန်​​တော်​ အခန်းထဲမဝင်​နိုင်​​သေးပဲ အ​မှောင်​ထဲတိုးဝင်​ သွားတဲ့ ကား​လေးမ​တွေ့ရ​တော့တဲ့အထိ ဝရန်​တာမှာ ​လေ​အေး​လေးကို ခံစား​နေမိတယ်​။အပြင်​ကတိုက်​ခတ်​တဲ့ ​လေ​အေးကရင်​ထဲက အပူမီး​တွေကို ​အေးချမ်း​အောင်​ မစွမ်း​ဆောင်​နိုင်​​သေးတာ​တော့အမှန်​ပါပဲ။

ရေချိုး​ခေါင်း​လျှော်​ပြီး​မေ​မေ့အနားမသွားခင်​ ဖုန်းမျက်​နှာပြင်​ က ကိုပြည့်​မျက်​နှာ​လေးကိုကြည့်​ရင်း အားအင်​​တွေပြည့်​နေ သလို. . .။ဘယ်​လိုပြဿနာ​တွေဖြစ်​ဖြစ်​ ရင်​ဆိုင်​ဖို့အသင့်​ ဖြစ်​​နေခဲ့​အောင်​ ကိုပြည့်​ကပဲစွမ်း​ဆောင်​နိုင်​တာလား။ဒါမှမ ဟုတ်​ ကျွန်​​တော်​ကပဲ မဖြစ်​သင့်​တဲ့အချစ်​မှာနစ်​​မြော​နေမိ တာလား။

ကျွန်​တော့ချစ်​သူ လူဆိုး​လေးWhere stories live. Discover now