ကျွန်တော့်ရဲ့ပထမဆုံးအနမ်းချွေခြင်းခံရတဲ့သူက အရမ်းချစ်ဖို့ကောင်းတဲ့ကောင်လေးတစ်ယာက်ဖြစ်မယ်မှန်းဘယ်သူသိနိုင်မှာလဲ. . . .
သင်္ကြန်ရက်အတွင်းမှာ ကျွန်တော့်ရဲ့ ပထမဆုံးအနမ်းနဲ့ အချစ်တွေအားလုံးကို ကောင်လေးတစ်ယောက်ဆီမှာပုံပေးခဲ့တယ်. . . ထာဝရဆိုတဲ့စကားအသုံးအနှုန်းကို မသုံးနိုင်သေးပေမဲ့ ခလေးကိုသာပေးဆပ်ချစ်နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေခိုင်မာခဲ့တယ်။
ပထမဆုံးအနမ်း၊ရင်ခုန်ခြင်း၊ပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းတွေ ကိုပေးတဲ့အကိုကြီးတစ်ယောက်ကို ကျွန်တော် မချစ်ချင်ဘူးဗျာ. . . . .ကျွန်တော်က ယောက်ျားလေးလေ ဘာလို့ဒီအကိုကြီးကိုမှ စွဲလမ်းနေမိတာလဲ. . . . ဦးနှောက်က အထပ်ထပ် အခါခါစဉ်းစားနေပေမဲ့ ကျွန်တော်မိုက်ရူးရဲဆန်ခဲ့တယ် နှလုံးသားလေးတောင်းဆိုတဲ့အတိုင်း ကျွန်တော့်ချစ်သူဖြစ်ဖို့ လက်ခံခဲ့တယ်. . . .ကျွန်တော်မှားလား. . . မှန်လားမသိပေမဲ့ သူပျော်တာကိုကျေနပ်တယ်. . . သူ့ဆီက အချစ်တစ်ခုတည်းကိုသာ ကျွန်တော်တောင့်တမိတာပါ. . .။
ဘာလိုလိုနဲ့ကျောင်းပြန်တက်ရတော့မှာမို့လို့ ကျွန်တော်တို့ကျူရှင်တွေအသီးသီးတက်နေကြရပြီ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အချိန်တွေက ဝေမျှပေးဖို့မလုံလောက်ဘူးဗျာ ဇွဲ ကလည်းအခု ၇ တန်းရတော့မယ် နောက်ပြီး ကျွန်တော်ကလည်း ၉ တန်းတက် ရမယ် ၁၀ တန်းအခြေခံဆိုတော့သေချာတော့ကြိုးစားနေရတယ်။
ကျွန်တော်တို့တွေကျောင်းကိုအတူတူတော့သွားလို့မရပေမဲ့ အိမ်ပြန်ချိန်တော့အတူတူရှိနေနိုင်ပါတယ်။ မနက်ဆို ကျောင်းအစောသွားရမှာမကြိုက်ပေမဲ့ ခလေးကိုသွားကြိုစောင့်နေရတာကိုတော့ ကြိုက်တယ်လေ။ ဇွဲကို သူ့အဖေကဆိုင်ကယ်နဲ့ကျောင်းပို့ပေးတယ်။ကျွန်တော်ကတော့ စက်ဘီးနဲ့တက်တယ်လေ။ ကျောင်းဝင်းထဲက စက်ဘီးထားတဲ့နေရာမှာထားပြီးတော့ စိန်ပန်းပင်ကြီးအောက်မှာ သူ့ကိုကျွန်တော်စောင့်နေရတာ ကျွန်တော့ရဲ့တာဝန်တစ်ခုလိုပါပဲ။
YOU ARE READING
ကျွန်တော့ချစ်သူ လူဆိုးလေး
RomanceAbout story အရင်တုန်းက ficတွေမရေးဖူးပါဘူး အခုကပထမဆုံးရေးဖြစ်တဲ့bl ficလေးပါ။ pure bl ficတော့မဟုတ်ပေမဲ့ 18+တွေတော့မပါ ပါဘူး။ အခုမှစရေးတာမို့ လိုအပ်တာတွေရှိရင်လည်း နားလည်ပေးကြပါ။