နေပြည်တော်က အမှန်တော့သာယာပါတယ်။ ဒါပေမဲ့ အပူတွေ အလွမ်းတွေကိုသယ်လာခဲ့တဲ့ ကျွန်တော့်လို လူတစ်ယောက်အတွက်တော့ မက်မောစရာ သိပ်မရှိလှပါ။
တက်နေရတဲ့အတန်းကလည်း တက္ကသိုလ်ဝင်ခွင့်အတွက် ဆိုတော့ အသေအချာကိုကြိုးစားနေရတယ်။ စာတွေဘယ်လောက်များများ ခေါင်းထဲထည့်ပြီး ကျက်နေပေမဲ့ ဇွဲ လေးကိုသတိရတတ်တဲ့ စိတ်တွေကို ထိန်းချုပ်လို့်မရ။
သတိရလို့ လိုင်းပေါ်တက်လိုက်တိုင်း သူ့ရဲ့ feel postတွေသာ တွေ့နေရတယ် စိတ်မပျက်တဲ့အပြင် ပိုပြီးတော့တောင် သနားနေမိတယ်။ဒါပေမဲ့လည်း အခုချိန်မှာ စိတ်အလိုအတိုင်း ပြုမူချင်လို့မှမရတာ။ လူကသာ ဇွဲ နဲ့ဝေးတဲ့ နေရာကိုရောက်နေပေမဲ့ စိတ်တွေကတော့ ဇွဲရဲ့အရိပ်ပမာ။ အရမ်းလွမ်းလိုက်တာကွာ။
တစ်ချိန်ချိန်ရောက်ရင်တော့ ပြန်ဆုံဆည်းမှာပါဆိုပေမဲ့ အဲ့နေ့မရောက်ခင် အချိန်ရဲ့ကုစားမှုကြောင့် မေ့ပစ်လိုက်မှာ အရမ်းစိုးရိမ်နေမိတယ်။
တက္ကသိုလ်ဝင်ခွင့်ဖြေပြီးတော့ ကျွန်တော့်ရဲ့ကြိုးစားမှု ရလဒ်ထွက်လာခဲ့တယ်။ ဂုဏ်ထူး၅ဘာသာနဲ့အောင်မြင်ခဲ့တဲ့ ကျွန်တော် ဆေးကျောင်းအမှတ်မမီပေမဲ့ နိုင်ငံခြားဘာသာ တက္က္ကသိုလ်မှာ အင်္ဂလိပ်စာအထူးပြုယူဖို့ဆုံးဖြတ်လိုက်တယ်။
အိမ်ကတော့နေပြည်တော်မှာ ဆက်နေဖို့အကြံပေးပေမဲ့ ဇွဲ လေးနဲ့မခွဲချင်တော့ဘူး။ ကျွန်တော်နေပြည်တော်ကို ကျောင်းလာတက်တဲ့နှစ်မှာပဲ ဇွဲ တို့အိမ်ပြောင်းသွားကြတယ်လို့သတင်းကြားထားတယ်။ ကျွန်တော့်အတွက် မျှော်လင့်ချက်တွေမဲ့ခဲ့တယ် ဒါပေမဲ့ဇွဲကိုရှာဖို့က ကျွန်တော့်နှလုံးသားလေးရဲ့ အမိန့်တော်တစ်ခုဖြစ်နေတယ်။
ဆုတောင်းတစ်ခုက ဇွဲ လေးကျွန်တော့်ကိုစောင့်နေပါစေ။ ရန်ကုန်ကအိမ်ကိုပြန်ရောက်ရောက်ချင်း ဇွဲ နေခဲ့အိမ်လေးကို သွားကြည့်သေးတယ်။ လူသစ်တွေတောင် နေသားကျနေကြပြီ။ ကျွန်တော်ဇွဲကိုပစ်ထားခဲ့တာ အချိန်တော်တော်ကြာသွားပြီပဲ။စာနဲ့ပဲလုံးပမ်းနေရတော့ အချိန်တွေကုန်မှန်းမသိကုန်ခဲ့ပြီ။. . . . . . . . .
. . . .. . . . . . . . . . .. . . . .. . . . .
YOU ARE READING
ကျွန်တော့ချစ်သူ လူဆိုးလေး
RomanceAbout story အရင်တုန်းက ficတွေမရေးဖူးပါဘူး အခုကပထမဆုံးရေးဖြစ်တဲ့bl ficလေးပါ။ pure bl ficတော့မဟုတ်ပေမဲ့ 18+တွေတော့မပါ ပါဘူး။ အခုမှစရေးတာမို့ လိုအပ်တာတွေရှိရင်လည်း နားလည်ပေးကြပါ။