သံရှည်ခေါင်းလောင်းမြည်ဖို့ နာရီဝက်အကြာတွင် ဆရာမတွေဆီမှ အဖြေလွှာအပ်ချင်တဲ့သူတွေ အပ်လို့ရပြီဟု ဆိုသောကြောင့် လက်မနှေးပဲအပ်ခဲ့ရင်း လွယ်အိတ်ကိုယူပြီး ထွက်လာခဲ့သည်။
အခန်းရှေ့တစ်နေရာတွင် ကြိုတင်ရပ်စောင့်နေတဲု့ပြည့်ပြည့်ကြောင့် ခြေလှမ်းတွေဖြေးညင်းသွားသည်။
"ကိုပြည့်. . ဖြေနိုင်လား"
"အေး. . ဒီလိုပါပဲ။ပြည့်နင်ရော ?"
"မဆိုးဘူးပေါ့ဟာ. . .အခုငါမုန့်စားချင်လို့ အတူတူသွားစားရအောင်"
"အော်. . .ဒီနေ့တော့ မရလောက်ဘူးဟ ငါဇွဲဆီကိုသွားမလို့"
"ခဏလေးပဲလေ တကယ်ခဏပါပဲဆို နင်ကလည်း"
"Sorryပဲဟာ ဒီနေ့ငါ့ခလေးလေးကို supriseလုပ်ပေးရမယ်. . ဟဲဟဲ"
ပျော်မြူးနေတဲ့ အချစ်ဦးကို စိုက်ကြည့်နေရင်း ပြောစရာစကားတွေဆွံ့အ သူအရမ်းချစ်တဲ့ ဇွဲ ကို ထိခိုက်အောင် လုပ်ရင် ဘယ်လိုတုန့်ပြန်မှုမျိုးတွေ ရမှာလဲ စဉ်းစားတာနဲ့တင် ရင်မောနေတယ်။ဒါပေမဲ့ ကြည်ဖြူဖို့ကလည်း လုံးဝမတတ်နိုင်တဲ့အရာတစ်ခု။
"နင်ကလည်း ဇွဲကိုသိပ်ချစ်တာပဲနော်။သူကရော နင့်ကိုချစ်လို့လား"
"ဘာလို့မချစ်ရမှာလဲဟ. . .အင်းငါချစ်တာကိုတော့ ဘယ်မှီမလဲ. . အမယ် နင်ကအားကျနေတာလား"
နောက်တောက်တောက်နဲ့ပြောလိုက်တဲ့စကားက တကယ်ရည်စူးပြောနေသလိုပဲ ငါတကယ်အားကျတာပေါ့ဟာ. . နင်အရမ်းချစ်လွန်းတဲ့ ဇွဲကို ငါအရမ်းအားကျတယ်။သေလောက်အောင် အားကျတယ် ပြီးတော့ အရမ်းလည်း မနာလိုဖြစ်မိတယ်။သူကငါ့အတွက်တော့ ပြိုင်ဘက်တစ်ဦးပဲ. . .နင်နဲ့ပက်သတ်လာရင် ငါအရမ်းသွေးဆိုးတတ်တယ်။
"ဟဲ့. . .စလိုက်တာကို နင်ကဘာတွေငိုင်နေတာလဲ"
"ဘာရယ် မဟုတ်ပါဘူး။ကဲပါ ငါနဲ့ခဏလိုက်ခဲ့လေ မုန့်ဝယ်ကျွေးမယ်"
YOU ARE READING
ကျွန်တော့ချစ်သူ လူဆိုးလေး
RomantizmAbout story အရင်တုန်းက ficတွေမရေးဖူးပါဘူး အခုကပထမဆုံးရေးဖြစ်တဲ့bl ficလေးပါ။ pure bl ficတော့မဟုတ်ပေမဲ့ 18+တွေတော့မပါ ပါဘူး။ အခုမှစရေးတာမို့ လိုအပ်တာတွေရှိရင်လည်း နားလည်ပေးကြပါ။