မိုးရေတွေရွဲစိုပြီး အဖျားပိုးတွေများပြားနေလို့ မျက်နှာကြီးတစ်ခုလုံးလည်း နီရဲလျက် အိမ်တံခါးအဝမှာပဲ ဟန်ချက်မထိန်းနိုင်တော့ပဲ ယိုင်လဲပြီးမူးမေ့လုဆဲဆဲ
"ဟယ် မိုးရေတွေနဲ့ပါလား။ဘာဖြစ်. . .အဲ. .သား"
"ဒုန်း. . "
"ဟာ. . .ကိုရေ လုပ်ပါဦး သားဘာဖြစ်လာတာလဲမသိဘူး"
"အမ်. . .ဆု. .သားဘာဖြစ်တာတုန်း၊လာလာ အခန်းထဲတွဲထည့်ရမယ်"
ကုတင်ပေါ်သို့မတင်ပေးမှီ အဝတ်အစားလဲပေးနေသောမေမေ့ကို အမြင်အာရုံထဲမှာဝိုးတဝါးမြင်နေသည်။
"အမလေး သားလေးရယ်. . ကိုယ်တွေကလည်းပူကျစ်နေတာပဲ ဘာကဘယ်လိုဖြစ်လာတာလဲကွယ်"
မေမေ့မှာ စိုးရိမ်ပြီးငြီးတွားရင်းမိသားစုဆရာဝန်ဆီ ဖုန်းဆက်လျက်။ဖေဖေ့ကိုလည်း ကိုပြည့်ဆီဖုန်းဆက်ရန် နှိုးဆော်သည်။
"ကိုရေ. ကိုပြည့်ဆီဆက်ပါဦး။ဘာတွေဖြစ်ကြတာလဲ အကျိုးအကြောင်းလေးသိအောင်၊စိတ်တွေပူလိုက်တာ"
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"
"ဟာ. .ဒီကောင်စက်ပိတ်ထားတယ်"
"သားလေး အဆင်ပြေလား မေမေပြောတာတွေကြားလား"
မေမေ့စကားကိုပြန်ဖြေဖို့အင်အားမရှိသော ကျွန်တော် ခေါင်းကိုသာ ဖြေးဖြေးချင်းငြိမ့်ပြသည်။ခန္ဓာကိုယ် အစိတ်အပိုင်းဘာကိုမှ လှုပ်ရှားချင်စိတ်မရှိဖြစ်နေပေမဲ့ ခံစားချက်တွေပြည့်နေတဲ့ နှလုံးသားလေးတစ်စုံကတော့ လူတစ်ယောက်အကြောင်း စပ်စုချင်နေလေရဲ့။
"ကို. . .မဝိုင်းတို့ဆီဆက်ကြည့်ပါလား"
"အေး. . .ကိုဆက်ကြည့်ပါ့မယ်။ဟော ဒေါက်တာလာပြီ။ကို. .ဖုန်းဆက်ကြည့်လိုက်ဦးမယ်"
"အိုး ကိုယ်တွေပူကျစ်နေတာပဲ။သွေးအားလည်းနည်းနေတယ်။ဒီအတိုင်းဆိုရင်တော့ ပုလင်းကြီးချိတ်ရမယ်။ပြီးရင်တော့ပုံမှန်ဖြစ်ပါပြီ"
YOU ARE READING
ကျွန်တော့ချစ်သူ လူဆိုးလေး
RomanceAbout story အရင်တုန်းက ficတွေမရေးဖူးပါဘူး အခုကပထမဆုံးရေးဖြစ်တဲ့bl ficလေးပါ။ pure bl ficတော့မဟုတ်ပေမဲ့ 18+တွေတော့မပါ ပါဘူး။ အခုမှစရေးတာမို့ လိုအပ်တာတွေရှိရင်လည်း နားလည်ပေးကြပါ။