အပိုင်း(၁၄)

394 11 0
                                    

ဇွဲကို အိမ်​ထဲဝင်​ပို့​ပေးပြီး လက်​ပြနှုတ်​ဆက်​ထွက်​ခွာ ခဲ့ချိန်​ ခြံတံခါးတစ်​ဖက်​ဆီမှ ​ခေါင်းပြူထွက်​လာတဲ့​ကောင်​​လေး(ဇွဲ)ရဲ့ ​အော်​သံ​ကြောင့်​ အနည်းငယ်​ဝမ်းနည်းသ​ယောင်​.

"ကိုပြည့်​​ရေ ဒီညဖုန်းမဆက်​နဲ့​တော့​နော်​. . စာပဲ​သေချာကျက်​၊လိုင်း​ပေါ်လည်းမတက်​နဲ့၊မဟုတ်​လို့ က​တော့ မ​ခေါ်​တော့ဘူး"

သတိ​ပေးတားမြစ်​ပြီး တံခါးကိုအသံကျယ်​ကျယ်​ပိတ်​လျှက်​ထွက်​​ပြေးသွား​သော​ကောင်​​လေး​ကြောင့်​ဖုန်း​ပျောက်​​ကြောင်း​ပြောဖို့ သတိ​မေ့လျှက်​. . . .။ခွန်းတုန့်​အ​ဖြေစကား​ပြောသံ​တောင်​ မ​စောင့်​နိုင်​ပဲ​ပြေးဝင်​သွား​သော ​ကောင်​​လေးကိုစာ​မေးပွဲပြီးရင်​ ကျွန်​​တော့်​အချိန်​​တွေအားလုံးကို သူ့ကို​ပေးမယ်​လို့​တော့ စီစဉ်​ထားပါတယ်​ဗျာ. . . ။

. . . . . . . . . . . . . . . . . . . . . . . . . . . .

အ​မောတ​ကောနဲ့​ပြေးဝင်​လာ​တော့ အလန့်​တကြား ​မေးခွန်းထုတ်​လိုက်​တဲ့​မေ​မေ

"ဟယ်​. . .သား ဘာဖြစ်​လာတာလဲ။ခုနက ကားသံကြားပါတယ်​ ကိုပြည့်​လိုက်​ပို့တာမလား"

"ဟုတ်​တယ်​. . .အခုပြန်​သွားပြီ"

"Aww. . .အိမ်​ထဲ​တောင်​မ​ခေါ်ခဲ့ဘူးကွယ်​။အားနာစရာ​တွေ"

"သူကမနက်​ဖြန်​စာ​မေးပွဲရှိတယ်​​လေ. . .စာကျက်​ဖို့​စော​စောပြန်​သွားတာ"

"Aww. . .ဟုတ်​လား။ဒီ​ကောင်​​လေးဖုန်းအသစ်​ဝယ်​မယ်​ဆိုလို့ သားကို​တောင်​ အတူတူလိုက်​ခိုင်းမလို့"

"အမ်​. . .ဘာကိုဝယ်​မှာ?. ."

"​တီ. . တီ. . "

သိချင်​​ဇောနဲ့​မေး​နေတဲ့​မေးခွန်းမဆုံးခင်​မှာပဲ ​ကားဟွန်းသံ. . .

"​ဟော. . .သားအ​ဖေပြန်​လာပြီနဲ့တူတယ်​။ရေသွားချိုး သားကြိုက်​တဲ့ ငါး​လေးအိုးကပ်​ချက်​ထားတယ်​"

သိချင်​​ဇောသည်​ ဆာ​လောင်​မှုကိုမ​ကျော်​လွှားနိုင်​ခဲ့။

"ဟုတ်​ကဲ့ ​ရေချိုးပြီးဆင်းခဲ့မယ်​​နော်​. . . .။

ခေါင်း​လျှော်​ပြီး ဖြာကျ​နေတဲ့ဆံပင်​​လေးကိုမှန်​​ရှေ့မှာ သ​ဘောကျကြည့်​ရင်း ဝင်​လာ​သောဖုန်းသံတစ်​ခု. .
"ဟယ်​လို. . . .င​ကောင်း​ပြော"

ကျွန်​တော့ချစ်​သူ လူဆိုး​လေးWhere stories live. Discover now