အတန်းတင်စာမေးပွဲနောက်ဆုံးနေ့က ကောင်လေးတစ်ယောက် charmလေးတစ်ခုကိုလာပေးတယ်။ စိတ်ထဲမှာ ကိုပြည့်ပေးတယ်လို့ပဲထင်မိတယ် ခလေးလေးကိုမေးတော့လည်း မပြောပြဘူး။
ဘာကြောင့်လဲ ကိုယ့်ကိုမချစ်တဲ့တော့တဲ့သူတစ်ယောက်ကို မေ့ပစ်လိုက်သင့်ပြီမဟုတ်လား။ဦးနှောက်က သတိမရဖို့ကိုအကြောင်းကြားနေပေမဲ့ နှလုံးသားကတော့ စက္ကန့်တိုင်းမေ့မရခဲ့ဘူး။
စိတ်တွေယောက်ယက်ခတ်နေခဲ့တယ် fbပေါ်မှာလည်း ကျွန်တော်ခံစားနေရတာတွေ ကိုပြည့်သိစေဖို့ feelတွေနဲ့ပြည့်နေတယ်။ မနေနိုင်တော့မှ ဖုန်းဆက်ဖို့ကြိုးစားခဲ့တယ်. . .
"ဟယ်လို"
"ဟယ်လို. . ."
"အာ အခုရန်ကုန်ကလားမသိဘူး"
"Aww မဟုတ်ဘူးဗျ နေပြည်တော်ကပါ. . ဖုန်းမှားဆက်တာနဲ့တူတယ်"
"အယ် ဟုတ်ကဲ့ မှားသွားလို့ပါ"
"Omm ဟုတ်ဟုတ်"
တီ တီ. . . ..
ဖုန်းကျသွားပြီ အနည်းဆုံးတော့ သူ့အသံကိုကြားလိုက်ရတယ်လေ ပျော်လိုက်တာ။ ကျောင်းပိတ်တော့ အခန်းထဲကနေကိုမထွက်နိုင်ဘူး လွမ်းလိုက်တာဗျာ. . ။fbပေါ်မှာလည်းအချိန်တွေကုန်တယ် သူ့မီးစိမ်းလေးကိုသာ ထိုင်ကြည့်နေရတဲ့အဖြစ်။ စကားပြောဖို့ကလည်း အင်အားမရှိ သူတောင်လမ်းခွဲနိုင်သေးတာပဲ ဘာလို့သွားစကားပြောရမှာလဲ အောက် တာပေါ့ အဲ့လိုမျိုးကိုယ့်ကိုယ်ကို ပြောပြီး ငိုခဲ့ရတာတွေလည်းမနည်းတော့ဘူး။
မနက်မိုးလင်းတော့ မလာတော့မှန်းသိနေပေမဲ့ ဖုန်းလေးကိုဖွင့်ကြည့်မိတယ်။
သူ့ကိုမေ့မလားဆိုပြီး သူငယ်ချင်းတွေနဲ့ လျှောက်သွားတယ်။ပျော်စရာတွေရခဲ့ပါတယ် ခေတ္တခဏပေါ့။ လူလည်းအရုပ်ကြိုးပြတ်သလိုကို အင်အားမရှိတော့ဘူး။
YOU ARE READING
ကျွန်တော့ချစ်သူ လူဆိုးလေး
RomanceAbout story အရင်တုန်းက ficတွေမရေးဖူးပါဘူး အခုကပထမဆုံးရေးဖြစ်တဲ့bl ficလေးပါ။ pure bl ficတော့မဟုတ်ပေမဲ့ 18+တွေတော့မပါ ပါဘူး။ အခုမှစရေးတာမို့ လိုအပ်တာတွေရှိရင်လည်း နားလည်ပေးကြပါ။