အနမ်းတစ်ပွင့် ရင်ထဲကိုအေးမြသွားစေတယ်။ချစ်ခဲ့ဖူးသူတွေ ပြောပြောတတ်သောစာသားတွေကို အပိုတွေပါလို့ထင်ခဲ့မိတယ်။ကျွန်တော့်နှုတ်ခမ်းပေါ်ကို အနမ်းတစ်ခုမရောက်ခင်အထိပေါ့။
"Mwah. . ."
နဖူးကိုရှိုက်နမ်းနေသော ကျွန်တော်နှုတ်ခမ်းတစ်စုံကို မျက်နှာမော့ပြီးဖွဖွလေးလာထိသော ဇွဲရဲ့နှုတ်ခမ်းလေးကြောင့် ကျွန်တော် မျက်လုံးအတိုင်းကျယ်ထွက်သွားသည်။
. . . . .. . . . . . . . . . . . . . . .
ကိုပြည့်ရဲ့အံသြပြီးစူးရှတဲ့အကြည့်တွေကို ရင်မဆိုင်ရဲတော့တဲ့နောက်ဆုံး ကျွန်တော်ကပဲ မျက်စိမှိတ်ခေါင်းငုံ့နေမိတယ်။ကိုပြည့်ကတော့ ပြုံးစိစိနဲ့စိတ်ထဲမှာ မြူးပျော်နေမှာ မြင်ယောင်မိသား။
"ဇွဲ. . . ."
"ဟင်. . ."
"ဇွဲ. . နှုတ်ခမ်းလေးက ချိုလိုက်တာ. . ဟို. .ကိုယ့်ကိုနောက်ထပ်. . . ."
"ဟာ. .လာကိုပြည့် အိမ်ထဲဝင်. . အိမ်ပေါက်ဝမှာစကားပြောနေရတာ မကောင်းပါဘူး"
ရှက်ကိုးရှက်ကမ်းနဲ့ သူ့ ဆံပင်သူခပ်ဖွဖွကုတ်ရင်း စကားလမ်းကြောင်းလွှဲလိုက်တဲ့ မင်းလေးက ကိုယ့်ဘဝရဲ့ မရှိမဖြစ် လိုအပ်တဲ့နတ်သားလေးတစ်ပါးပါပဲကွာ။ အခြားသူတွေလို နှုတ်ခမ်းလှအောင်အရောင်ဆိုးစရာမလိုပဲ နဂိုကတည်းက ပန်းဆီရောင်သမ်းပြီး ဖူးရွနေတဲ့ အဲ့ဒီ့နှုတ်ခမ်းပါးလေးဆီက ချိုမြိန်ခြင်းတစ်ခုကိုလည်း နောက်တစ်ကြိမ်မက တောင်းတနေမိတယ်။
"ကိုပြည့်. . .လာထိုင် အိမ်ထဲတောင်ရောက်နေပြီ"
ဲ့ မခက်ထန်ပေမဲ့ အနည်းငယ်မာကျောတဲ့ ဇွဲ ရဲ့အဖေရဲ့ အသံသည် ကျွန်တော့်စိတ်ကူးတွေကို ဖျက်ဆီးလိုက်သည်။
"ဗျာ. . .ဟုတ်ကဲ့"
"မင်းကို ငါ. . အယ်. . ဦးလေးမေးစရာရှိတယ်"
YOU ARE READING
ကျွန်တော့ချစ်သူ လူဆိုးလေး
RomanceAbout story အရင်တုန်းက ficတွေမရေးဖူးပါဘူး အခုကပထမဆုံးရေးဖြစ်တဲ့bl ficလေးပါ။ pure bl ficတော့မဟုတ်ပေမဲ့ 18+တွေတော့မပါ ပါဘူး။ အခုမှစရေးတာမို့ လိုအပ်တာတွေရှိရင်လည်း နားလည်ပေးကြပါ။