The end

1.6K 23 1
                                    

ဖြစ်ပျက်ခဲ့သမျှ စိုးရိမ်စရာကိစ္စတွေရဲ့ တရားခံက မြတ်သူတဲ့ ကျွန်တော့်ဖုန်းပျောက်တာကစလို့ ဇွဲကို ကားပေါ်တင်ပြေးတဲ့ကိစ္စတွေအထိပေါ့။သူလည်း သူ့အမှားကို သိပြီးကျွန်တော်တို့ကိုတောင်းပန်တယ်။ခွင့်လွှတ်ဖို့ ခက်ခဲခဲ့ပေမဲ့ ဇွဲကစိတ်သဘောထားကြီးပေးခဲ့လို့ ကိစ္စကြီးကြီးမားမားမရှိခဲ့။မြတ်သူလည်း သူ့ဘဝသူရပ်တည်မယ်ဆိုပြီး သူငယ်ချင်းတွေရှိတဲ့ အခြားမြို့လေးကို ပြောင်းသွားတယ်။ကျွန်တော်လည်း ဇွဲဆန္ဒကို လိုက်လျောပြီး လက်ထပ်မဲ့ကိစ္စကို အချိန်ဆွဲလာလိုက်တာ နောက်ဆုံးနှစ်စာမေးပွဲတောင် ဖြေပြီးခဲ့ပြီလေ။အောင်ဖို့သေချာနေတဲ့ ကျွန်တော့်အတွက်တော့ ဘွဲ့ယူဖို့အချိန်ကိုသာ စောင့်စားနေရင်း ဇွဲရဲ့driverလုံးလုံးကိုဖြစ်လို့။ အိမ်မှာအငယ်ဆုံးလည်းဖြစ် စီးပွားရေးကလည်း ပြေလည်တဲ့မိသားစုဖြစ်တာမို့ ဘွဲ့မရသေးခင်အချိန် လေးတွေကိုသင်တန်းတွေလျှောက်တက်ရင်း ဘဝအတွေ့အကြုံတွေကိုလည်း သင်ကြားရင်းဖြတ်သန်းတာပေါ့။ဘာသာစကားကို သူများတွေလိုဘွဲ့ရပြီးမှ အပီအပြင် တက်စရာမလို။ကျောင်းမပြီးခင်ကတည်းက လေ့လာထားခဲ့သမျှအခုချိန် အချိန်ပိုတွေရနေတာလည်းပါတယ်။ ငကောင်းမိဘတွေကတော့ နိုင်ငံခြားမှာအတည်တကျ မို့သားကိုရော သားသူငယ်ချင်းကျွန်တော့်ကိုပါ လာလည်ရန် ပြီးတော့ အခြေချကြည့်ရန် ကမ်းလှမ်းထားသည်။ တစ်ကိုယ်ရေတစ်ယောက်ထဲ သမားဆိုရင်တော့ ဘယ်ဆိုးမလဲ အခုဟာက ကျွန်တော့်ဘဝနဲ့ယှဉ်ပြီးချစ်နေရတဲ့ ကောင်လေးရှိနေ တယ်လေ သူ့လောက်ဘယ်အရာမှအရေးမကြီးဘူးဟု ယူဆထားတဲ့ ကျွန်တော့်အတွက် သူ့ကိုထားခဲ့ဖို့ တော့မဖြစ်နိုင်။အချစ်ကိုမခံစားဖူးသေးတဲ့ ငကောင်းအဖို့တော့ ကျွန်တော့်ကိုအားမလိုအားမရ တွေနဲ့. . .

''ဟေ့ကောင် မင်းကလည်း သွားကြရအောင် ငါ့မိဘတွေကလည်း မင်းကိုပါအပါခေါ်ခဲ့တဲ့ကွ''

''အေးပါ မင်းအရင်သွားနှင့် ငါလည်းလိုက်​တော့လိုက်လာမှာပါ. . .အခုဟာက ဇွဲလည်းကျောင်းမပြီးသေး. . . .''

''ဟာ မင်းအခုဘွဲ့ရခါနီးပြီလေ အခုချိန်ဲ့ငါ့မိဘတွေရှိတဲ့ဆီကိုအရင်လိုက်သွားပြီး အခြေချဖို့ကြိုးစားကြည့်ရအောင်''

ကျွန်​တော့ချစ်​သူ လူဆိုး​လေးWhere stories live. Discover now