ဇွဲပုခုံးကိုဖွဖွလေးကိုင်ပြီးထပ်ကျပ်မခွာလိုက်သွားတဲ့နင်က ငါဘယ်လိုပဲဖြစ်နေခဲ့ပါစေဂရုစိုက်မှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်။နင်ငယ်ငယ်ကပြာဖူးတယ်လေ သူငယ်ချင်းအဆင့်ကနေတက်ဖို့မဖြစ်နိုင်တာတွေရော နင်အခြားတစ်ယောက်ချစ်နေမိတာတွေရော ဘာပဲဖြစ်ဖြစ် ငါနင့်စိတ်ကိုပြောင်းလဲနိုင်မယ်လို့ပဲထင်ခဲ့မိတာ။နင့်ကိုပိုင်ဆိုင်ရဖို့ကြိုးစားလေ ပိုဝေးလေဖြစ်နေတယ်။
ငါ့အချစ်တွေ. . .ငါ့ပျော်ရွှင်မှုတွေ. . .ငါ့အရာရာတိုင်း. . ငါ့နှလုံးသားတစ်ခုလုံးတောင် နင့်ကိုအပိုင်ပေးထားပေမဲ့
နင့်ကတော့ငါ့ကိုဥပက္ခာတွေနဲ့နေသားကျစေတယ်. . .''ပြည့်ပြည့်. . .''
''ဟင်. . .ကိုပြည့်လား''
''ငါ. . .ပါ. .ဟာ''
''မြတ်သူ. . .မြတ်သူရေ. . .ငါတကယ်ကို သူနဲ့ဝေးနေပြီထင်တယ် ငါဘယ်လိုလုပ်ရမလဲဟာ. . ဟင်း. . .ဟင်း''
''ပြည့်. . .နင်မငိုပါနဲ့ဟာ. .နင်ငိုရင်ငါအဲ့ကောင်ကိုသတ်ချင်တာပဲသိတယ်''
''ငါ့ကိုသတ်လိုက်ပါဟာ ငါသူ့ကိုအရမ်းချစ်တယ်. . .အရမ်းကိုချစ်. . . . .''
နွေးထွေးတဲ့အနမ်းတစ်ချက်ရယ် ကြမ်းတမ်းတဲ့အထိအတွေ့အောက်ကနေ ရုံးထွက်ဖို့မေ့လျော့သွားခဲ့တဲ့ကျွန်မမှားသွားလား။အလင်းမရှိတဲ့အခန်းလွတ်တစ်ခုထဲ မြတ်သူနဲ့အခုလိုဆက်ဆံနေထိုင်မိတာ ဒုတိယအကြိမ်. . .ဒီတစ်ခါတော့ ကျွန်မဆန္ဒပါလို့ဖြစ်မြောက်လာခြင်း. . .။
''မြတ်သူ. . .တော်လိုက်တော့ဟာ''
''ဟင်. . .ငါနင့်ကိုအရမ်းချစ်တယ်''
''အင်း. . .ထားပါတော့ အခုကိစ္စဘယ်လိုလုပ်မလဲ အားလုံးအလိမ်အညာတွေပေါ်လာရင်ငါကိုပြည့်နဲ့ဝေးမှာ''
''ငါ့အချစ်တွေက နင့်အတွက်ဘာလဲ . . .အခုလိုအခြေအနေတွေဖြစ်နေတာတောင် နင်ကသူ့ကိုပိုင်ဆိုင်ချင်နေတုန်းပဲလား''
''အေးငါချစ်တာနင်မှမဟုတ်တာ သူ့ကိုလေ''
''အကယ်၍များ နင်ငါ့ရင်သွေးလေးကိုလွယ်ထားရ ရင် ခလေးအဖေနေရာမှာ ငါဖြစ်ပေးလို့ရမလား''
YOU ARE READING
ကျွန်တော့ချစ်သူ လူဆိုးလေး
RomanceAbout story အရင်တုန်းက ficတွေမရေးဖူးပါဘူး အခုကပထမဆုံးရေးဖြစ်တဲ့bl ficလေးပါ။ pure bl ficတော့မဟုတ်ပေမဲ့ 18+တွေတော့မပါ ပါဘူး။ အခုမှစရေးတာမို့ လိုအပ်တာတွေရှိရင်လည်း နားလည်ပေးကြပါ။