#zawgyi
Jennie 5 stars ဟိုတယ်တစ်ခုမှာ ညစာသွားစားဖို့ ဆုံးဖြတ်လိုက်တယ်....အခုတလော အရှုပ်တွေကြောင့် Jennie တော်တော် စိတ်ရှုပ်နေတယ်လေ......
ညစာသွားစားဖို့ ပြင်ဆင်ရင်း ရုတ်တရက် Jisoo ကို သတိရသွားတယ်....
"ဟမ်....သူ့နာမည်က ဘာပါလိမ့်...Kim Jisoo.....ငါ့လိုမိန်းကလေးမျိုးကို ဘယ်လိုများပြန်ပြောရဲတာလည်း ......."
Jennie ကားပေါ်တက်ပြီး ညစာသွားမစားသေးဘဲ jisooကို တွေ့ခဲ့တဲ့ Mallကို ပြန်သွားလေသည်....
"Hey...ဟိုတခါက ငါ့အိတ်ကို ကူသယ်ပေးတဲ့တစ်ယောက်ရော........"
Jennie သူဝယ်ခဲ့တဲ့ဆိုင်က ကောင်မလေးကို မေးလိုက်သည်....
"Kim Jisooကို ပြောတာလားမသိဘူး... "
" ဟုတ်တယ် သူဘဲ......"
"အားတော့ နာပါတယ်....သူက အချိန်ပိုင်းအလုပ်သမားမို့ အခု ဒီမှာမရှိတော့ဘူး အလုပ်ထွက်သွားပြီရှင့်..... "
"What!"
Jennie ကောင်တာကို ဘုန်းခနဲထုပြီး အော်လိုက်သောကြောင့် ၀န်ထမ်းကောင်မလေးမှာ လန့်သွားလေသည်
"Thanks...."
Jennie fake smile သုံးပြီး ၀န်ထမ်းကောင်မလေးကို ကျေးဇူးတင်စကားပြောလိုက်သည်....ထိုအခါမှ ကောင်မလေးလည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်Jennie 5 stars hotel ရဲ့ ခေါင်မိုးထပ်မှာ ရှန်ပိန်တစ်ခွက်ကို ကြည့်ရင်း မြို့ပြရဲ့ညအလှကို ခံစားနေသည်......
တစ်ခါတစ်ခါ သူဌေးသမီးဖြစ်ရတာ နောင်တရမိသည်....သူများတွေ အပေါင်းအသင်းတွေနဲ့ပျော်နေချိန်.....Jennieကတော့ တယောက်တည်းအထီးကျန်နေ၏....သူ့ကို လာပေါင်းတဲ့သူတွေကလည်း သူ့ဆီက ခွာချချင်လို့ပင်ဖြစ်သည်.....စိတ်ရင်းနဲ့ပေါင်းသော်လည်း Chaeyoungကလွဲလို့ သူ့ကို ဘယ်သူမှ စိတ်ရင်းနဲ့မပေါင်းသောကြောင့် နောက်ပိုင်း အားလုံးကိုခပ်ချေချေဘဲ ဆက်ဆံခဲ့သည်
