#zawgyiJennie သတိရလာတော့ သီချင်းသံကို ကြားရလေသည်.....
ဘယ်သူဆိုနေတာလည်းဆိုပြီး မျက်လုံးဖွင့်လိုက်ရှာကြည့်တော့ သူ့ဘေးနားမှာ ထိုင်ကာ သီချင်းဆိုနေတဲ့ Jisooကို တွေ့ရလေသည်
"ကိုယ်တို့ မချစ်ဘဲ နေကြစို့....အခုထက်ထိ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းမသိသေးလို့ တကယ်တော့ ငါနည်းနည်းကြောက်နေသေးလို့ ဒါကြောင့် ၀မ်းနည်းပါတယ်လို့......"
Jisooရဲ့ အသံဟာ လေးနက်ပြီး တချို့နေရာတွေကျ နူးညံ့ နေတယ်......Jennieမှာ မျက်လုံးမှိတ်ပြီး နားထောင်ရင်း ကောင်းကင်ဘုံသို့ ရောက်နေသလို ခံစားရသည်
Jisooကတော့ Jennie သတိရနေတာကို မသိဘဲ သီချင်းကိုသာ အာရုံစိုက်ဆိုနေ၏
Jennie မှာ Jisooကို စိုက်ကြည့်ရင်း နှလုံးခုန်မြန်လာတော့ စိတ်ထိန်းပြီး မတ်တပ်ထရပ်လိုက်သည်
"ဟင် နင် နင် သတိရလာပြီလား "
Feelအပြည့်နဲ့ဆိုနေတဲ့ Jisoo မှာ ရုတ်တရက် ထလာတဲ့ Jennieကြောင့် လန့်သွားလေသည်"Omm နင့်အသံကကောင်းသားဘဲ......"
Jennie ဆီက ချီးကျူးစကားကြားရတော့ Jisoo ရှက်ပြီး မျက်နှာလေးနီရဲသွားသည်"Gomawo....."
"ဒါနဲ့ ငါတို့က ဘယ်မှာလဲ.. ...."
"နင် သတိမေ့သွားလို့လေ ငါ့အိမ်ကို ခေါ်လာတာ sorry နော်....."
" ရပါတယ်ဟ နင်မှ ငါ့အိမ်ကို မသိတာ.....နင့်အပြစ်မဟုတ်ပါဘူး "
"အင်းပါ Jennie နင် သက်သာရဲ့လား အဆင်ပြေရဲ့လား....."
"ငါ....ငါ မသိတော့ဘူး......"
"အင်းပါ မသိဘူးဆိုလည်းရပါတယ် ပြောပြစရာမလိုပါဘူး "
"ရတယ် ငါပြောပြမယ် နားထောင်.. ... "
"Omm...."
Jennie သက်ပြင်းချပြီး ဖြစ်ခဲ့သမျှတွေကို အကုန်ပြောပြလိုက်သည်
"Oh my god....."
Jisooမှာ Jennieပြောပြတာကို နားထောင်ပြီး လန့်သွားလေ၏