Jennie သတိရလာလို့ မျက်လုံးကို ဖွင့်ကြည့်တော့ သူ့အခန်းထဲသို့ ရောက်နေတာကို သတိထားမိသွားသည်
"မမလေး သတိရလာပြီလား...."
Jennie ဘေးနား စောင့်နေတဲ့ Maid တစ်ယောက်မှာ အရမ်း ပျော်သွားပြီး မေးလိုက်သည်
"ငါ သတိမေ့နေတာ ဘယ်နှရက်ရှိပြီလည်း...."
"သုံးရက်ရှိပါပြီ မမလေး......"
Jennie သက်ပြင်းချလိုက်မိသည်.....သူမ သုံးရက်ကြာကြာ သတိမေ့နေခဲ့တာလား....Jisooရော......Jisoo ဘယ်ရောက်သွားလည်း အဆင်ပြေပါ့မလားဆိုပြီး Jennie တွေးရင်း စိတ်ပူလို့ Jisooဆီ ဖုန်းဆက်လိုက်သည်
အချိန်တော်တော် ကြာတာတောင် Jisoo ဖုန်းမကိုင်သောကြောင့် Jennie စိတ်ပူလာသည်.....
ငါးခါမြောက်မှ ဖုန်းဖြေသော်လည်း အနည်းဆုံး ဖုန်းပြန်ဖြေပေးမှုကြောင့် Jioo ဘာမှမဖြစ်ဘူးဆိုတာ သိပြီး စိတ်အေးသွားရလေသည်
"အင်း ပြော...."
Jisooရဲ့ ပထမဆုံး ဖုန်းပြန်ဖြေမှုက ပျော့ပျောင်းမှု မရှိတာကြောင့် Jennie လန့်သွားသည်
Jennie အမြန်ဘဲ ဖုန်းချပစ်လိုက်ရသည်
"Ji Jiက ငါ့ကို စိတ်ဆိုးနေတာလား.. ...အာ မဖြစ်သေးပါဘူး သူ့ဆီ လိုက်သွားမှ...."
Jennie အပေါ်ဝတ်ကို အမြန်ကောက်ဝတ်ပြီး အပြင်ထွက်မယ်လုပ်တော့ Maid က ၀င်တားလေသည်
"မမလေး ဘယ်သွားမလို့လဲ.. ..အခုမှ သတိရရခြင်းကို သူဌေးတို့ကို သွား အသိပေး...."
"ဘယ်သူ့မှ အသိမပေးနဲ့ နင် ဒီအခန်းမှာဘဲ နေနေ.....ငါ ညကျပြန်လာမယ် Ok....အေး တခုခုဖြစ်ရင် နင် အလုပ်ထုတ်ခံရပြီမှတ်....."
Jennieပြောပြီး အခန်းတံခါးကို လော့ချကာ ပြတင်းပေါက်ကနေ သူ့မိဘတွေ မသိအောင် ခုန်ချထွက်ပြေးသွားလေသည်
Jisoo လုပ်တဲ့ Barကို ရောက်သွားလေသည် ....Barက ကောင်လေးတွေရဲ့ မျက်လုံးက Jennieဆီမှာ တွယ်ကပ်နေကြသည်.....