Part-8 Z+U

2.3K 208 12
                                    

#zawgyi

Jennieတို့ စကားဆက်​မ​ပြောဘဲ စာကိုသာ အာရုံစိုက်​လုပ်​​နေကြသည်​။

ခဏကြာမှ Jennie ​ချောင်းဟန့်​ပြီး
'So Jisoo.....နင့်​အ​ကြောင်း ငါ့ကို​ပြောပြ..... "

"နင်​က ဘာသိချင်​လို့လည်း  "
Jisoo စာဖတ်​ရင်း ​မေးလိုက်​သည်

"ဟို... "

"ငါ့ နာမည်က ​Kim Jisoo အသက်​က ၁၈နှစ်​ ငါ တစ်​​ယောက်​တည်း​နေတာ..... အင်း ငါက ငါ့အ​ကြောင်းကို ဘယ်​သူ့မှ ​ပြောမပြဖူးဘူး ​ပြောလည်းမပြချင်​ဘူး "

"ဒါဆို နင်​က တစ်​​ယောက်​တည်း​နေတာ​ပေါ့ နင့်​မိဘ​တွေက​ရော "

"ငါ ဘယ်​သူ့ကိုမှ မ​ပြောပြချင်​ဘူးလို့  "

"အင်းပါ ထားပါ​တော့ နင်​ ဘာကြိုက်​တတ်​လည်း ၀ါသနာက​​ရော "
Jennie ​ခေါင်းညိတ်​ပြီး တခြား​မေးခွန်း​ပြောင်း​မေးလိုက်​သည်

"ငါ့ဝါသနာလား....အင်း အလုပ်​​ကောင်း​ကောင်းရှာလုပ်​ပြီး ဘ၀ကို ​အေး​အေး​ဆေး​ဆေးပဲ ဖြတ်​သန်းချင်​တယ်​ "

Jennie Jisoo ရဲ့ စကားကို ကြား​တော့ စိတ်​ထဲ တမျိုးဖြစ်​သွားတယ်

" နင်​​ရော...."

"ငါ့ဝါသနာလား.. ..အပတ်​တိုင်း ​ဈေးဝယ်​ထွက်​ပြီး အ၀တ်​အစား အသစ်​​တွေဝယ်​တယ်​.......အ​ပျော်​စီးသ​င်္ဘောစီးတယ်​........ဂျယ်​ဂျူကျွန်းက အပန်း​ဖြေစံအိမ်​ကို သွား​နေတယ်​  "

"Wow ၀ါသနာ​တွေ အများကြီးပါလား...."

"ငါက  "

"သိပါတယ်​ နာမည်​ကြီး ကြယ်​ငါးပွင့်​ဟိုတယ်​ ပိုင်​ရှင်​ရဲ့ သမီးဆိုတာ "
Jisoo မျက်​နှာရှုံ့မဲ့ပြီး ​ပြောလိုက်​သည်

"နင်​ ဘယ်​လိုသိတာလည်း...."
Jennie အံ့သြသွားတယ်

"နင်​ အမြဲတမ်း ​ပြော​နေတာ​လေ မသိဘဲ ​နေပါ့မလား "

Jisooရဲ့ စကား​ကြောင့်​  Jennie သ​ဘောကျပြီး ရယ်​လိုက်​သည်​......

Jennie တို့ စကား​တွေ ​လျှောက်​​ပြောရင်း Jisoo နားထင်​က အမာရွတ်​​လေးကို Jennie သတိထားမိသွားတယ်

Bad GirlWhere stories live. Discover now