Part-6 Z+U

2.4K 205 10
                                    

#Zawgyi

Jennie ​ကျောင်းဆင်း​တော့ ​လျှောက်​သွားရင်း coffee ဆိုင်​တစ်​ဆိုင်​နားသို့ ​ရောက်​လာသည်​.....

ထိုဆိုင်​တွင်​ ဆိုင်​နာမည်​ပါတဲ့အင်္ကျီဝတ်​ပြီး စားပွဲထိုးလုပ်​​နေတဲ့ Jisoo ကို Jennie မြင်​သွား​လေသည်

"သူက အဲ့ဆိုင်​မှာ အလုပ်​လုပ်​တာလား....​ဈေး​ပေါလိုက်​တာ​နော်​ Kim Jisoo နင့်​ကို ​နောက်​ဆုံး အခွင့်​အ​ရေး ​ပေးမယ်​   "

Jennie ​ကြိမ်းဝါးပြီး ​ကော်​ဖီဆိုင်​ထဲ ၀င်​သွားလိုက်​သည်​။

"Good evening.. ...ဘာများသုံး​ဆောင်​ချင်​လည်းရှင့်​......"
ဝန်​ထမ်း​ကောင်​​လေးမှာ ပြုံးပြီး ​မေးလိုက်​သည်

"နင့်ကို မ​ပြောချင်​ဘူး....​သူ့ကို ​အော်​ဒါမှာချင်​တယ်​....."
Jennie သူ့ဘက်​လှည့်​လာတဲ့ jisooကို လက်​ညှိုးထိုးပြီး ​ပြောလိုက်​သည်

ဝန်​ထမ်း​ကောင်​​လေးလည်း Jisooကို ​ကောင်​တာထဲသို့ ၀င်​လာခိုင်းလိုက်​သည်

" နင်​ ဘာလာလုပ်​နာလည်း "
Jisoo စိတ်​ပျက်​နေတဲ့ ​လေသံဖြင့်​ ​မေးလိုက်​သည်

" costumerကို ဆက်​ဆံတဲ့ပုံစံက ဒီလိုမျိုးမဟုတ်​ဘူးထင်​တယ်​......"

"စိတ်​မ​ကောင်းပါဘူး ငါတို့ဆိုင်​က brain မ​ရောင်းပါဘူး​နော်​  "

"What! Okay ဒါဆိုလည်း စကား​ပြောခွင့်​​ပေး...."

"ငါ မအားဘူး......နင်​မြင်​တယ်​မလား ငါအလုပ်​ရှုပ်​​နေတာ "

" ခဏ​လေးဘဲကို....."

"No..."

"Kim Jisoo ငါ တစ်​ခါဘဲ ​ပြောမှာပါ..... "

Jisoo မျက်​​မှောင်​ကြုတ်​ပြီး jennie ကို ကြည့်​​နေသည်

"နင်​ ငါ့အိမ်​စာကို မလုပ်​​ပေးဘူးဆိုရင်​ နင့်​မိဘ​တွေ အလုပ်​လက်​မဲ့ ဖြစ်​​အောင်​ နှစ်​ရက်​အတွင်း ငါလုပ်​ပြမယ်​...... "

Jisooမှာ ခြိမ်း​ခြောက်​စကား​ကြောင့်​ လန့်​မသွားတဲ့အပြင်​ ရယ်​လိုက်​သည်

"အဲ့ ခြိမ်း​ခြောက်​တာ​တွေကို တခြားသူကို သွားလုပ်​ပါလားဟာ.....ငါက​တော့ မဖြုံဘူး​နော်​ နင်​လုပ်​လည်း အပိုဘဲ ငါ့မှာ မိဘ​တွေမရှိ​တော့ဘူး "

Bad GirlWhere stories live. Discover now