#zawgyiJisoo ချော့မော့ပြောသောကြောင့် Jennie သူ့အိမ်ကို ပြန်သွားခဲ့သည်....
နောက်တစ်နေ့မှာတော့ Jennie ကျောင်းကိုလာရင်း လမ်းမှာ ကားဘီးပေါက်လို့ ကျောင်းသို့ နည်းနည်းလောက် နောက်ကျပြီးမှ ရောက်သွားသည်
"Miss Kim နောက်ကျတယ်နော်....."
ဆရာမမှာ Jennieကို ဆူလိုက်သည်
"ဟုတ် ကားဘီးပေါက်သွားလို့ပါ teacher....".
Jennie ရှင်းပြပြီး သူ့နေရာသို့ သူ သွားထိုင်လိုက်သည်....
မထိုင်ခင် Jisooရှိရာကို တစ်ချက်ကြည့်လိုက်သည် ....
Jisooနဲ့ အကြည့်ချင်းဆုံပြီး Jisoo က ပြုံးပြတော့ Jennie ရင်ခုန်သွားလေသည်....
Chaeyoungမှာ Jensoo နှစ်ယောက် အကြည်စိုက်နေတာကို သတိထားမိပြီး
"ဟယ် နင်တို့ နှစ်ယောက်က ဘာတွေလား....""Shut up Chae........"
အတန်းပြီးလို့ နေ့လည်စာစားချိန်မှာတော့ နေ့လည်စာ အတူတူစားနေကြ Chaeyoungကိုတော့ စာမပြီးသေးလို့ဆိုပြီး Jennie လိမ်ပြောကာ တစ်ယောက်တည်း ကန်တင်းသို့ လွှတ်လိုက်သည်
ထို့နောက် အတန်းရှေ့မှာ ရပ်ပြီး Jisoo ကို စောင့်နေ၏
ခဏကြာတော့ Jisoo အတန်းထဲက ထွက်လာသည်
"Hey....."
"Hi....."
Jennie ပြုံးပြီး Jisoo ကို ပြန်နှုတ်ဆက်လိုက်သည်
"တွေ့လား နင်ပြုံးနေရင် အရမ်းလှတာဟ.......ပြီးတော့ အခု ဘယ်သူ့ကိုမှ အနိုင်မကျင့်တော့ဘူးမလား...."
"Oh please.. ...."
Jennie နှာခေါင်းရှုံ့ ကာ ပြောတော့ Jisoo သဘောကျပြီး ရယ်လိုက်သည်ကန်တင်းကို နှစ်ယောက်အတူ လျှောက်ကြရင်း Jisoo ရုတ်တရက် ရပ်လိုက်သည်
"Jennie....ငါတို့ အတူ မသွားသင့်ဘူးထင်တယ်......"
Jisoo ဘေးနားဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်