Part-21 Z+U

1.8K 163 3
                                    

#zawgyi

Jennie ​ပေ​တေ​တေနဲ့ ​နေလာတာ သုံးလရှိပြီ......ဆရာဝန်​နဲ့ Mr.Kimတို့မှာ ခွဲစိတ်​ဖို့ ​ပြော​ပေမယ့်​လည်း Jennie လက်​မခံ.....ခွဲစိတ်​မှု မ​အောင်​မြင်​ဘဲ ​Jisoo အနားမှာ ​နေရမယ့်​ရက်​​တွေ ​ပျောက်​ဆုံးသွားမှာ Jennie ​ကြောက်​မိသည်

Jennie ကြည့်​​နေတဲ့ Drama ရုပ်​ရှင်​ကို ပိတ်​ပြီး ကား​သော့ယူကာ Jisoo အလုပ်​လုပ်​တဲ့ coffeeဆိုင်​သို့ ထွက်​သွား​လေသည်

Coffeeဆိုင်​​ရှေ့​ရောက်​​တော့ Jennie ကား​ပေါ်က ဆင်း​ချိန်​ အမှိုက်​ထွက်​ပစ်​တဲ့ Jisooနဲ့ ​တွေ့​လေသည်

"Jen....."

Jennie သူ့ကိုလှမ်း​ခေါ်တဲ့ Jisooကို ​သေချာမမြင်​ရ....မှုန်​၀ါးဝါးသာ မြင်​​နေရသည်​....Jisoo စိတ်​ပူမှာဆိုးလို့ ဟန်​​ဆောင်​ပြုံးပြီး Jisooဆီ ​လျှောက်​သွား​ပေမယ့်​ ......​ခြေနှစ်​လှမ်း​တောင်​ မလှမ်းရ​သေး ...Jennie လဲကျသွားေ​လသည်

"Jen Jen....."

Jisoo သူ့လက်​က အမှိုက်​ထုပ်​​တွေ လွှတ်​ချပြီး Jennie ဆီ အမြန်​ ​ပြေးသွား​လေသည်

"Jen Jen သတိထားပါအုံး "

Jennieကို ​​ပွေ့ထူပြီး Jisoo​ခေါ်​ပေမယ့်​ Jennie သတိ​မေ့သွား​လေသည်

Jennie သတိရလာ​တော့ ​ဆေးအနံ့​တွေ​ကြောင့်​ ​​ဆေးရုံ​ရောက်​​နေမှန်း သိလိုက်​ရသည်

"Jen.........."

Jennie Jisoo အသံ​ကြောင့်​ ​ဘေးနားကြည့်​လိုက်​​တော့ ဆံပင်​စုတ်​ဖွားနဲ့ ငို​နေတဲ့ Jisooကို ​တွေ့ရ​လေသည်​.....

Jisoo ငို​နေတာ​တွေ့​တော့ Jennie ဘယ်​လိုမှ စိတ်​ထိန်းမရ​ပေ....မျက်​ရည်​​တွေ အလိုလိုကျလာသည်

"Ji....."

"နင်​ နင်​ လုပ်​ရက်​လိုက်​တာ....နင့်​ကျန်းမာ​ရေး နင့်​နှလုံး အ​ခြေအ​နေကို ဘာလို့ ငါ့ကို မ​ပြောတာလည်း ဟမ်​ "

Jisoo ငိုရင်း ​အော်​​လိုက်​သည်

"ငါ ငါ ​တောင်းပန်​ပါတယ်​....."

"ဘာလို့လည်း ဘာလို့လည်း Jennie သုံးလလုံးလုံး ငါ့ကို မ​ပြောဘဲ ဘာလို့ လျို့ဝှက်​ထားတာလည်း "

Bad GirlWhere stories live. Discover now