#zawgyi
Jennie's POV
ပထမဆုံး ငါ မြင်လိုက်ရတဲ့အရာက ပင်လယ်ကြီး....
ပြီးတော့ သဲသောင်ပြင်တွေပေါ်မှာ ဂါဝန်အဖြူနဲ့ ငါ လှဲအိပ်နေတာကို သတိထားမိသွားတယ်
ငါ ဘာလို့ ဒီနေရာရောက်နေတာလည်း ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလည်း.......
"Jennie yah "
Jisoo မလှမ်းမကမ်းကနေ ငါ့နာမည်ကို လှမ်းခေါ်ပြီး လက်ပြနေတယ်
Jisooလည်း ငါ့လိုဘဲ ဂါဝန်လေး ၀တ်ထားတယ်.....
တော်ပြီ ငါတွေဝေမနေဘဲ အမြန်ထပြီး Jisooဆီ ပြေးသွားလိုက်တယ်.....
"Ji....."
Jisolဆီလည်း ငါရောက်ရော ငါ့လက်ကို Jisoo ကိုင်လိုက်တယ်
"Jen.......အခုကစပြီး ငါ နင့်ဘေးနားမှာ အမြဲ ရှိတယ်....ဘယ်တော့မှ နင့်ကို လက်မလွှတ်ဘူး သိလား တခါတလေ ဘ၀က ခက်ခဲကြမ်းတမ်းတာတွေရှိတယ်ဆိုပေမယ့် ငါကတော့ နင့်လက်ကို တွဲပြီး ရင်ဆိုင်ချင်တယ် "
"ငါနင့်ကို အရမ်းချစ်တာဘဲ Jiရယ်...."
Jisoo စကားကြောင့် ငါအရမ်းပျော်ပြီး သူ့ကိုဖက်လိုက်တယ်
အဲ့အချိန်မှာဘဲ ငါ အိပ်ရာကနိုးလာတယ်....fuckဘဲ ဒီဆေးရုံထဲ ဒီကုတင်ပေါ်မှာ ဒီဆေးရုံအ၀တ်အစားနဲ့ shit
"Jen...jen...ဘာဖြစ်လို့လည်း ဘာလို့ငိုနေတာလည်း "
ငါ ၀မ်းနည်းပြီး မျက်ရည်ကျလာတော့ Jisooလေး ပြာပြာသလဲနဲ့ ငါ့လက်ကို လာကိုင်ပြီး မေးတယ်....
"ငါ...ငါ အိမ်မက်မက်လို့ "
"အိမ်မက်ဆိုးလား "
"မဟုတ်ပါဘူး အရမ်းကိုကောင်းတဲ့ အိမ်မက်လေးပါ "
"ဒါဆို ဘာလို့ငိုနေတာလည်း Jen..."
"ဘာလို့လည်းဆိုတော့ အဲ့အိမ်မက်က တကယ်ဖြစ်နေသလိုဘဲ ပြီးပြည့်စုံလိုက်တာ Ji...ငါ့ကိုလေ ....ငါ့ကို အိမ်မက်ဆိုးထဲက ဆွဲထုတ်ပေးပါလား ငါ ဒီကုတင်ပေါ်မှာ မအိပ်ချင်တော့ဘူး "
