Part-11 Z+U

2.1K 183 8
                                    

#zawgyi

ပြတင်း​ပေါက်​တံခါး​တွေ တဂျိမ်းဂျိမ်းရိုက်​ခတ်​​နေသံ​ကြောင့်​ Jennie လန့်​နိုးလာတယ်

သူမ စိတ်​ညစ်​ပြီး အိပ်​လိုက်​တာ ပြတင်း​ပေါက်​ တံခါးပိတ်​ဖို့ ​မေ့သွားမှန်း သတိရပြီး ပြတင်း​ပေါက်​ကို ထပိတ်​လိုက်​သည်

ထို့​နောက်​ ​ရေ​သောက်​ဖို့ ​အောက်​ကိုဆင်းလာ​တော့ ဧည့်​ခန်းထဲမှာ Mr.Kimတို့ မအိပ်​​သေးဘဲ စကား​ပြော​နေကြတာကို ​တွေ့လိုက်​ရသည်

Jennieလည်း ရပ်​ပြီး ​ချောင်းနား​ထောင်​လိုက်​သည်

" ကျွန်​မတို့ ဘာလုပ်​ကြမလည်း......"
Mrs.Kimမှာ သက်​ပြင်းချပြီး ​မေးလိုက်​သည်

"စိတ်​​အေး​အေးထားပါ မိန်းမရယ်​ ကိုယ်​ မနက်​ဖြန်​ကျ Mr.Songတို့ကို ​ပြောလိုက်​ပါမယ်​..... "

"ဘယ်​လို​ပြောမှာလည်း...ရှင်​မ​တွေ့ဘူးလား ခုနက ဘယ်​​လောက်​ရှက်​စရာ​ကောင်းလည်းဆိုတာ......သူ့​ကြောင့်​ Hotelက​တော့ ပျက်​စီး​တော့မှာဘဲ...... "

"အဆင်​​ပြေသွားမှာပါ စိတ်​မပူပါနဲ့   "

" စိတ်​မပူလို့ရမလား...........အဲ့​ကောင်​မ​ကြောင့်​ ကျွန်​မတို့ စီးပွားပျက်​​တော့မှာ...."
Mrs.Kim စိတ်​တိုပြီး ​အော်​လိုက်​​လေသည်

"Hey ကိုယ့်​သမီးကို အဲ့လိုမ​ပြောရဘူး​လေ...... "

"ကျွန်​မ အရမ်းပင်​ပန်းလာပြီ.......ကျွန်​မတို့​တွေ တရက်​ထက်​တရက်​​ အသက်​ကြီးလာပြီး ​သေဖို့က​နီးလာပြီ....Jennieက ကျွန်​မတို့​တွေရဲ့ လုပ်​ငန်းကို ကာကွယ်​ဖို့မ​ပြောနဲ့ သူ့ကိုယ်​သူ​တောင်​ အနိုင်​နိုင်​ရယ်​......ဘယ်​လိုစိတ်​ချလို့်​ရမလည်း...... "

"Yeobo....."

"တခါတခါ​လေ သူ့ကို​မွေးမိတာ ​နောင်​တရမိတယ်​......Jessicaကို ဖျက်​မချဘဲ သူ့ကိုဖျက်​ချလိုက်​ရမှာ....."

Jennie သူ့အ​မေရဲ့ စကားကိုကြား​တော့ အရမ်း အံ့သြသွားတယ်

" ဘာ.........."

Mrs.Kimတို့လည်း Jennieအသံ​ကြောင့်​ လန့်​ပြီး တုန်​သွားကြသည်

Bad GirlWhere stories live. Discover now