#zawgyi
Jennie မှာ Birthday partyအတွက် စိတ်လှုပ်ရှား နေ၏
Mrs.Kim ၀ယ်ပေးထားတဲ့ ဂါဝန်အနီလေး ၀တ်ပြီး ခြံထဲကို ဆင်းလာ၏
Chaeyoungတို့နဲ့ စကားပြောနေတဲ့ Jisooကို မြင်တော့ Jennie ပျော်ပြီး Jisoo ဆီ သွားလေသည်
"Ji......"
'Jen....လှလိုက်တာ.. .နင် ဒီဂါဝန်နဲ့ အရမ်းလိုက်တာဘဲ....."
"Gomawo...."
Jensooတို့ စကားပြောနေစဉ် Minoရောက်လာပြီး
"Jennie ငါနဲ့ တွဲကလို့ရလား....""Ji ခဏနော်....."
"...."
Mrs.Kimကြောင့် Jennieလည်း မငြင်းနိုင်ဘဲ Minoနဲ့ တွဲကလိုက်သည်
Jisooမှာတော့ ၀ိုင်သောက်ရင်း Minoနဲ့ Jennieကို မျက်တောင်မခတ်ကြည့်နေ၏
Jisoo's POV
Song Mino.........Jenလက်ထပ်ရမယ့်သူလို့ Jen ငါ့ကို တခါပြောပြဖူးတယ်.....ဟား....ငါတို့ ရှေ့လျှောက် ဘာဆက်ဖြစ်မှာလည်း မသိဘူး ....Jen ကို ငါ အဆုံးရှုံးမခံနိုင်ဘူး.. ....ငါ့မင်းသမီးလေး.....သူတို့နှစ်ယောက် တွဲကနေတာ ကြည့်ပြီး ငါ့နှလုံးသားတခုလုံး ကွဲကြေသွားသလို ခံစားရတယ်.....
ဟူး....ငါသာ ချမ်းသာတဲ့ ကောင်လေး ဖြစ်ရင် သူတို့မိဘတွေက Jennieနဲ့ ငါ့ကို သဘောကျကျမှာဘဲ သဘောတူကြမှာဘဲ.....
Jisoo မွန်းကြပ်လာလို့ ခြံထဲကနေ ထွက်သွားပြီး ခြံရှေ့က သစ်ပင်အောက်မှာ သွားရပ်နေ၏......ကောင်းကင်က ကြယ်လေးတွေကို မော့ကြည့်ရင်း သူ့ခါးကို တစ်စုံတစ်ယောက်က ဖက်သလို ခံစားရလို့ လှည့်ကြည့်တော့
"Jen...."
"နင် ပြန်သွားပြီ ထင်နေတာ...."
"မပြန်ပါဘူး လေကောင်းလေသန့်ရှူနေတာ....."
"Aww Ommပါ ...."
Jisooကို အနောက်ကနေ ခပ်တင်းတင်းဖက်ထားရင်း
"နေ့တိုင်း ဒီလိုဘဲ ဖြစ်နေရင် ကောင်းမယ်နော်.....ဘာအခက်အခဲ အနှောင့်အယှက်မှမရှိဘဲ အေးအေးဆေးဆေးလေး..."
