#zawgyi
Jennie ဆုပေးပွဲကို အဆင်ပြေပြေနဲ့ ပြီးသွားတော့ စိတ်အပန်းဖြေ ခရီးတွေ လျှောက်သွားသည်
Jisooကတော့ အလုပ်က ခွင့်မပေးလို့ဆိုပြီး Jennieနဲ့ လိုက်မသွားပေ
သို့သော် Jennieမှာ Jisooမပါတော့ ပျင်းပြီး Koreaကို ပြန်ရောက်လာသည်
ကိုရီးယားကို ပြန်ရောက်ရောက်ချင်း သူ့ကို လာကြိုတဲ့ driver ကို ပြန်ခိုင်းပြီး သူကတော့ ကားသော့ယူကာ Jisooအိမ်သို့ မောင်းသွားလေသည်
Knock Knock.....
Jennie တံခါးခေါက်ပေမယ့် အတော်ကြာတဲ့ထိ တံခါးက ပွင့်မလာပေ.....
"Ah အိပ်နေတာများလား အေးလေ ဟုတ်မှာပါ အခုမှ မနက် လေးနာရီရှိသေးတယ် သူ အိပ်နေမှာပေါ့... ဒါပေမယ့် သူအိပ်နေတယ်ဆိုပြီး ပြန်သွားလို့မှ မရတာ ငါက သူ့ကို တွေ့ချင်လို့ ခရီးတွေ ဖျက်ခဲ့တာကို Ji Ji ah ..."
Knock Knock
Jennie တံခါး ထပ်ခေါက်ပြန်သည်
"Ji Jiရေ တံခါးဖွင့်ပါအုံး....."
Jisooမှာ Jennie ကြောင့် အိပ်ရာကနေ လန့်နိုးလာသည်
"Ah.....Jen Jen လား မသိဘူး...."
Jisoo အိပ်ချင်မူးတူးနဲ့ တံခါးဖွင့်လိုက်တော့ Jennie တစ်ယောက် သူ့ကို ပြေးဖက်သည်
"Ji......"
"ကလေး......"
"အရမ်း လွမ်းနေတာ......"
"ခရီး သွားနေတာ မဟုတ်ဘူးလား....."
"Jiကို သတိရလို့ ပြန်လာတာ .......ခရီးတွေဖျက်ပြီး...."
"အယ်....."
"ဘာ အယ်တာလည်း Jen နဲ့ မတွေ့ချင်လို့လား ရတယ်လေ ဒီကတော့ သူ့ကို တွေ့ချင်လို့ ခရီးကနေ ပြန်ရောက်တာတောင် မနားဘဲ သူ့ဆီ ချက်ချင်းလာတာ သူကတော့.. ..."
Jennie နှုတ်ခမ်းစူပြီး လှည့်ထွက်သွားတော့ Jisoo မှာ Jennieကို အမြန်လှမ်းဆွဲပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်