" သားလေး JungKook .. မနက်ဖြန် အထက်တန်း စာမေးပွဲပြီးပီဆိုတော့ သားဘာတက်ချင်လဲ "
စာကျက်နေသော သူမ၏ သားရှေ့သို့ ခွဲစိတ်ထားသော သစ်သီးပန်းကန်လေးကို ချပေးရင်း မေးလိုက်သည် ။
" သားကတော့ Seoul University မှာဘဲ တက်ခြင်တာ .. "
" သား TaeTae ကရော .. ဘာတက်မှာလဲတဲ့ "
" သူလား .. သူလဲ Seoul University မှာဘဲ တက်ရမှာပေါ့ "
" ဟင် ဘာလို့တုန်း သူက ဘာလို့ အဲ့မှာတက်ကို တက်ရမှာတုန်း "
" မေမေကလဲ .. သားတက်တဲ့နေရာမှာ သူတက်ရမှာပေါ့ အဲ့ဒါ ဖြစ်ကို ဖြစ်ရမှာ "" ပြီးတော့ သားTaeTae နဲ့ သားကရော တည့်ကြလို့လား .. မေမေထင်တာ သားတို့ ကျောင်းတူတူ မတက်ကြရင် ပိုကောင်းမှာပေါ့ "
" အာ ..... မေမေကလဲ သူ့လို ဂျပုကို သားမရှိရင် ဘယ်သူက ခေါ်ချင်မှာတုန်း ပီးရင် သူ့လိုမထုံတတ်သေးနဲ့ သူများတွေက နှိပ်စက်နေမှာပေါ့ မေမေမှမသိဘဲ .. မသိဘူး သားနဲ့ပဲ တူတူ တက်ရမှာ "
" ဟုတ်လို့လား သားရာ .. မေမေမြင်တာတော့ သားတို့ကျောင်းက ကောင်မလေးတွေက TaeTae ကို လက်ဆောင်တွေပေးနေကြတာပါ ကောင်လေးတွေရော TaeTaeကိုဆို ခင်ချင်ကြပါ့နော် "" ဒုတ် "
JungKook သစ်သီးစားနေရင်း ခက်ရင်းကို ဆောင့်ချ လိုက်သည့် အသံဖြစ်သည် ။" မေမေ .. သားစာကျက်တော့မယ် "
" အင်းပါ ... မေမေသွားတော့မယ် "တံခါးကို အသာစိကာ ထွက်သွားလာပီး ခပ်ဝေးဝေးရောက်မှ သူမ အသံထွက်အောင်ရယ်မိလေသည် ။
" JungKook အမေ .. ဘာရယ်နေတာလဲ ကို့ကိုလည်းပြောပြပါဦး "
သတင်းစာဖတ်နေရင်း လှမ်းပြောလိုက်သော JungKook အဖေပင်
" ရှင့်သားလေ .. သူကတော့ သူရဲ့ TaeTae ကို လုံးဝ အထိကိုမခံတာ သိရဲ့လား "
သူမ ရယ်တ၀က်ဖြင့် ဆိုဖားနား ထိုင်ကာ သားအကြောင်းပြောပြလိုက်တော့ ပြုံးသွားသည့် သားရဲ့ဖေဖေ
YOU ARE READING
FaFiLy (Completed)
FanfictionOTHER- "Family=Father and Mother I Love You💚" TAEKOOK- "Fafily = Father and Father I Love You💜" 👨👨👦Both Unicode and Zawgyi Available👨👨👦 Started - 25 Sep 2018