" သားလေးနာမည် ဘယ်လိုခေါ်တုန်း သားသား "
မကျဉ်းမကျယ် လမ်းလေးရဲ့ ဘေးတွင် ရပ်နေသော TaeKook လေးအား လူစိမ်းတစ်ယောက်မှ စကားဆိုလာသည် ။
" ဗျာ .. ဦးဦးက သားကို သိလို့လား သားကတော့ တခါမှ မမြင် ဖူးပါဘူး "
" ဦးဦး က သားသား ဖေဖေ Jeon Jung Kook ရဲ့ သူငယ်ချင်း လေ "
" အပိုတွေ ... သားက Appa လို့ ပဲ ခေါ်တာ Appa မိတ်ဆွေတိုင်း သားနာမည်ကို သိတယ် "
" အဟား ... Jeon JungKook သားက သူ့အဖေနဲ့ တထေရာထဲပါလား "
" သား Appa ပဲ တူမှာပေါ့ "
" မင်း Appa က Taeဆိုတဲ့ လူကို ချစ်တယ်လို့ ထင်လား "
" သား PaPa ကို Tae လို့ မခေါ်နဲ့ သား PaPa က Kim Tae Hyung ပီးတော့ Appa ဘ၀မှာ PaPa နဲ့ သားကို အချစ်ဆုံးပဲ ဦးလေးကြီး ကို မုန်းတယ် "" မြေးလေး .. ဘာဖြစ်နေတာလဲ "
ဖွားဖွား၏ အသံပါပင်
တွေ့မယ် ဒီပါးစပ်ပုတ် နဲ့ လူကြီး တိုင်ပစ်မယ်
" ဖွားဖွား JiJi ဒီဦးလေးကြီးကလေ .."
" မင်္ဂလာပါဗျ JungKook ရဲ့ အသိပါ Song JunHo လို့ ခေါ်ပါတယ် "
" အော် သား JungKook သူငယ်ချင်းလား သူတို့က ဒီမှာ နေတာတော့ မဟုတ်ဘူးကွဲ့ အခုလဲ မြေးလေးက မူကြိုဆင်းချိန်မို့ အဒေါ်က ကြိုပေးထားတာ "
" ဟုတ်ကဲ့ သားလေးက ချစ်စရာလေးမို့ နှုတ်ဆက်တာ JungKook သားဖြစ်နေတာကိုး .. သွားလိုက်ပါဦးမယ်ဗျ .. "
" အိမ်လိုက်လည်ပါလား သား "
" မလည်တော့ဘူးဗျ ကိစ္စရှိသေးလို့ နောက်မှပဲ "
" ကောင်းပါပီ ဖြေးဖြေး ပြန် ပေါ့ "တရွေ့ရွေ့ဖြင့် ထွက်ခွာသွားသော လူကြီးနောက်တွင် TaeKook တို့ မြေးအဖွားလည်း ကျောခိုင်းပြီး အိမ်ကို ပြန်ခဲ့တော့သည် ။
လမ်းတစ်လျှောက်တွင်တော့ TaeKook လေး၏ တိုင်တောသံများက ဆူညံလျက်သာ ။........
" နင်ဘယ်လို လုပ်လိုက်တာလဲ JunHo!!! "
" မင်း စိတ်ထိန်းစိမ်း .. မင်းကိုမင်း ဘာလုပ်နေလဲ သိလား "
" ငါသိတယ် သိလို့ အားလုံး လုပ်နေတာ နင်၀င်မရှုပ်စမ်းနဲ့ ! နောက်တခါဆို နင့်ကိုပါ ငါအာမမခံဘူး "

YOU ARE READING
FaFiLy (Completed)
FanfictionOTHER- "Family=Father and Mother I Love You💚" TAEKOOK- "Fafily = Father and Father I Love You💜" 👨👨👦Both Unicode and Zawgyi Available👨👨👦 Started - 25 Sep 2018