" JungKook .. ငါ အသဲတုန်းလေးနဲ့ပဲ အိပ်တော့မယ် မင်းဘာသာမင်း အိပ်လိုက်တော့နော် "
" တူတူ အိပ်မယ်လေ ၃ ယောက်လေ နော် "
" သားသားက သူ့အိပ်ယာမှာပဲ အိပ်တတ်တာ မင်းသိသားနဲ့ ဒီညတော့ မင်းတစ်ယောက်ထဲ အိပ်ပါကွာနော် "မျက်နှာကြီး အီလည်လည်နှင့် JungKook က တံခါးရှေ့မှာ မဖယ်ဘဲ ပေကပ်ကပ် ရပ်နေပြန်သည် ။
" ဖယ်ဦးလေကွာ ငါညောင်းနေပီ "
" ဒါပေမဲ့ ကိုက မင်းနဲ့ပဲ အိပ်ချင်တာကို "
" သိပါပီ .. ခုတော့ သားသားကို သိပ်ပါရစေကွာ "
" အင်း .... အိုခီ "ဒီပေကပ်ကပ်နဲ့ အုန်းသီးကောင်ကို ပြောမရသည့်အဆုံး တူတူလာအိပ်မည်ဟု ပြောလိုက်တော့မှ သွားကြီးဖြီးကာ ဖယ်ပေးရှာတော့သည် ။
" Tae ... သားသား အိပ်ပီလား "
လေသံတိုးတိုးလေးက တံခါးဝမှ မရဲတရဲထွက်ပေါ်လာသည် ။
တစ်ဆက်ထဲမှာပဲ သားသားရဲ့ ရှိုက်သံလေးက ထွက်လာတော့ JungKook တံခါးကို ပြန်စေ့ သွားပြန်သည် ။
" ခစ် "
TaeHyung ခိုးပြီး ရယ်လိုက်ခြင်း ဖြစ်သည် ။ အမှန်တော့ သားသားက ကားပေါ်မှာထဲက အိပ်ပျော်နေပီ ၊ အရမ်းငိုထား၍သာ တချက် တချက် ရှိုက်သံ ထွက်ပေါ်နေခြင်းပင် ။ အတန်ကြာတော့ နှစ်ခြိုက်စွာ အိပ်ပျော်သွားသော သားသား၏ နဖူးကို ဖွဖွလေးနမ်းကာ စောင်လုံအောင် ခြုံပေးပီးမှ အပြင်ထွက်လာလိုက်တော့သည် ။
သားသားက သိပ်ဆိုးတယ် JungKook လိုပဲ ။ လုပ်ချင်တာ ရအောင်လုပ်ရမှ နောင်တ ပြီးမှရတဲ့ လူမျိုးပဲ ။
TaeHyung က VAN အရုပ်ကလေးများဖြင့် အလှဆင်ထားသော အခန်းကလေးထဲမှ တိတ်တိတ်လေး ထွက်လာတော့ JungKook က နံရံကို မှီလျက် ထိုင်ကာ ငိုက်နေတော့သည် ။
" တူတူပဲ .. သားအဖတွေ "
" JungKook ... JungKook "
အေး၍ထင်သည် ကျစ်နေအောင် ပိုက်ထားသော လက်မောင်းကို လှုပ်နှိုးတော့ မျက်လုံး မဖွင့်ချင် ဖွင့်ချင်နှင့် ဖွင့်လာသည် ။
![](https://img.wattpad.com/cover/161984645-288-k408086.jpg)
KAMU SEDANG MEMBACA
FaFiLy (Completed)
Fiksi PenggemarOTHER- "Family=Father and Mother I Love You💚" TAEKOOK- "Fafily = Father and Father I Love You💜" 👨👨👦Both Unicode and Zawgyi Available👨👨👦 Started - 25 Sep 2018