- 20 -

7K 643 25
                                    

=Unicode Version=

သူမကို ခေါ်သွားကြကတည်းက တိတ်ဆိတ်နေသည့် အိမ်ကြီးသည် ခြောက်ခြားဖွယ် အတိပင် ။ သားသားကလည်း လုံးဝ အိပ်ပျော်နေသည် ။ ထို့ကြောင့်သူလည်း ‌ သားနားကို ဖင်တရွတ်တိုက်သွားလိုက်ရင်း သားအိပ်နေသည့် ခုတင်ကိုပဲ မှီရင်း နေနေလိုက်တော့သည် ။

TaeHyung တဖြည်းဖြည်း နှင့် မျက်လုံးလေး မှိတ်ကျသွားပြီး လောကကြီးနှင့် အဆက်ပြတ်သွားတော့သည် ။

မနက် 6 နာရီလောက်တွင် Taekook လေး အိပ်ယာမှ နိုးလာတော့ ကုတင်ဘေးတွင် မှီလျက် အိပ်ပျော်နေသော သူ့ PaPaကို‌ တွေ့ရသည် ။ ပါးစပ်နှင့် လက်များကို တိတ်ဖြင့် ပိတ်ထားသည်ကို တွေ့ရသဖြင့် သူ့လက်သေးသေးလေးများဖြင့် "Papa သားဖြေးဖြေးလေးပဲ ခွာမယ်နော် " ဟု ဆိုပြီး ဖြေး‌ေဖြးချင်းစီ ခွာ‌ပေး နေသည် ။ ထို့နောက် လက်များက တိတ်များကို လည်း ဖြည်းညှင်းစွာ ခွာ‌ ပေး ပြီးနောက် သူ့PaPa ကို ဖက်ရင်း တိတ်တိတ်လေး ပြန်လှဲနေသည် ။ ထို့နောက်တွင်တော့ သူလေးလဲ ပျင်းပြီး ပြန်အိပ်ပျော်သွားတော့သည် ။
မကြာမီ တဒုန်းဒုန်း တဒိုင်းဒိုင်းသံများကြောင့် လန့်နိုးလာပြီး ကလေးငယ်၏ စိတ်ထဲတွင် အန္တရာယ်ပြုမည့်သူဟု ထင်မှတ်ကာ သူ့ PaPa ကို ဖက်ပြီး ငိုနေတော့သည် ။

" အဲ့ဒီဖက်က သော့ခတ်ထားတဲ့ အခန်းပါ "

Song JunHo ၏ စကားကြောင့် JungKook အနီးနားခန်းတွေကို လှည့်ကြည့်တော့ ထောင့်ဆုံးက သော့ခတ်ထားသည့် အခန်းလေး ။
သူသော့ကို တောင်းမနေတော့ပဲ အနီးနားမှာရှိတဲ့ အရာများနဲ့ ဖွင့်ယူရန် ကြိုးစားတော့သည် ။

နောက်ဆုံး မီးသတ်ဆေးဘူးနှင့် ရိုက်ဖွင့်မှ ပွင့်လာသည့် သော့ခလောက် ။
သူလည်း ပျက်နေသည့် သော့ကို အမြန်ဖယ်ယူပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ ကုတင်စွန်းကို မှီထိုင်နေသည့် သူ၏ ချစ်လှစွာသော ခင်ပွန်းလေး TaeHyung ၊ ပြီးတော့ TaeHyung ကို ဖက်ထားရင်း ငိုနေတဲ့ သားလေး ။

" သားသား "

" Appa!!!!!! "

" သားကြောက်တယ်Appa သားလေ လူဆိုးမကြီး ထပ်လာတယ်မှတ်လို့ သားအရမ်းကြောက်တာပဲ ဗြဲ ...."

FaFiLy (Completed)Donde viven las historias. Descúbrelo ahora