Zawgyi
" TaeHyung .. ငါ့အချစ်ဦးကို အခု ရှာတွေ့ပြီထင်တယ် "
" ဟင် .. "
" မင်းသိလား ငါတို့ထက် တစ်တန်းကြီးတဲ့မမ နာမည်က Kim Youn Sue တဲ့ "
" ဟုတ်လား .. ကောင်းပါတယ် "
" ဒါဆို .. ဒီနေ့ငါ မမကို သွားကြည့်မှာမို့လို့ မင်းနေခဲ့နော် အတန်းဆင်းရင် ပြန်လာခဲ့မယ် "
" အေးပါ .... "
ထမင်းပန်းကန်ကို သိမ်းကာ ပျော်ရွှင်စွာ ထသွားသော JungKook ၏ နောက်တွင်ကား မျက်ရည်စများနှင့် မျက်ဝန်းလှလှတစ်စုံ ကပ်ပါသွားခဲ့သည် ။
" မမ ဒီမှာ ခနထိုင်မယ်နော် "
ချိုသာသော အသံလေးကြောင့် မော့ကြည့်မိလိုက်တော့ ကျက်သရေရှိသလို အလှမျိုးနှင့် ကောင်မလေး ခပ်ချောချော တစ်ယောက်
" ဟို .. မောင်လေးက ငိုနေတာလားဟင် "
" ဗျာ .. မဟုတ်ပါဘူး .. ငရုတ်သီးလေ အဲ့ဒါ စားမိတာ စပ်သွားလို့ "
ပြုံးပြကာ ပြောနေသော ကောင်လေးတစ်ယောက် ရှေ့တွင်ကား အစက်ဆိုလို့ ငရုတ်ကောင်းပင် မပါသည့် ကြက်ဥ Half-Fried လေးတစ်လုံးက ပြောင်ပြနေသယောင်
ထိုမိန်းကလေးက ကြက်ဥကို တလှည့် မျက်နှာကို တလှည့် ကြည့်နေတော့ TaeHyung က ရှက်ရှက်ဖြင့်
" ဟိုလေ .. အစက်က စားပြီးသွားပြီ အဲ့ဒါ "
" အော် .. မသိပါဘူး .. ဒါနဲ့ မိတ်ဆက်ရဦးမယ် မမက စီနီယာ တန်းကပါ .. နာမည်က Kim Youn Sue လို့ခေါ်တယ် "
Kim Youn Sue ဆိုရင် JungKookရဲ့ ကြိတ်ကြွေနေတဲ့ အချစ်ဦးဆိုတဲ့ တစ်ယောက်ပဲ
" အော် ... "
Tae Hyung မျက်လုံးလေး ၀ိုင်းကာ အံ့သြဟန် ပြုလေတော့
" မမကို သိလို့လား .. ဘာလို့လဲဟင် "
" အဟမ်း .. အဲဒါကလေ သိတော့ သိတယ် ဒါပေမယ့် မသိဘူးဗျ "
YOU ARE READING
FaFiLy (Completed)
FanfictionOTHER- "Family=Father and Mother I Love You💚" TAEKOOK- "Fafily = Father and Father I Love You💜" 👨👨👦Both Unicode and Zawgyi Available👨👨👦 Started - 25 Sep 2018